Trending Now

လှည်းကူးမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

Spread the love

လှည်းကူးမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

EPN
နေပြည်တော်၊ အောက်တိုဘာ ၁၂ (၂၀၂၃)

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော ပညာရေး ဒီဂရီကောလိပ် ရေဘေးကယ်ဆယ်ရေးစခန်း၌ အောက်တိုဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ထပ်မံရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် နယ်မြေခံတပ်မတော်သားများက ရေဘေးသင့် ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် နယ်မြေခံတပ်မတော်သားများက ရေဘေးသင့် ပြည်သူ အိမ်ထောင်စု ၂၇၀ စု၊ လူဦးရေ ၆၅၀ ဦးနှင့် လှူဒါန်းထားရှိသည့် စားနပ်ရိက္ခာများအား အဆိုပါမြို့နယ်ရှိ ရေဘေးလွတ်ရာ Uniwin အထည်ချုပ်စက်ရုံသို့ ကူညီကယ်ဆယ် ရွှေ့ပြောင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးရွာရှိ ရေဘေးကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့် ပြည်သူ ၁၂၇ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အင်းတိုင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အမရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။