Trending Now

ကချင်အထူးဒေသ (၁) မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုမှ သီရီပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ ကျွန်းပင်သာ ပရဟိတကျောင်း တိုက်တွင် နေ့ဆွမ်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း

Spread the love

ကချင်အထူးဒေသ (၁) မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုမှ သီရီပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ ကျွန်းပင်သာ ပရဟိတကျောင်း တိုက်တွင် နေ့ဆွမ်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၀ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်ရှိ ကျွန်းပင်သာပရဟိတကျောင်းတိုက်တွင် ကချင်အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီး သီရီပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထားကာ မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုများက ပြာသို လကွယ် ဖေဖော်ရီ ၉ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်ခန့်တွင် နေ့ဆွမ်းနှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို ဆက်ဆံရေးရုံးမိသားစုများဖြစ်ကြသည့် ဦးခင်မောင်ကျော်၊ ဦးယော်ယိန်း၊ ဦးတွမ်ပီချင်း၊ ဦးကျန်းလော့ခွင်းနှင့် ကြွရောက်လာကြသူများက ဩကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ခဲ့ကြပြီး၊ ဆရာတော်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်တို့ကို နာယူခဲ့ကြသည်။

ဆက်လက်ပြီး ကျွန်းပင်သာပရဟိတကျောင်းတိုက် ဆရာတော်ထံမှ တရား‌တော်ကို ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်များအား နေ့ဆွမ်းနှင့် ဝတ္တုငွေများကို ကပ်လှူပူဇော်ခဲ့ကြသည်။

ယင်းနောက် အလှူရှင်များမှ ဂေါပဃအဖွဲ့များ၊ ဝေယျာဝိစ္စအဖွဲ့များနှင့် ဥပုဒ်ဆောက်တည်က သည့် အဖွဲ့များကို အလှူငွေများ ပေးအပ်ခဲ့ကြပြီး၊ ကြွရောက်လာကြသည့် ဧည့်သည်တော်များနှင့် ကျွန်းပင်သာ ပရဟိတကျောင်းမှ မိဘမဲ့ ကလေးငယ်များကို နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်း အား အမှူးထားပြီး၊ ကချင်အထူးဒေသ (၁) မြစ်ကြီးနား ဆက်ဆံရေးရုံး မိသားစုများမှ တန်ဆောင်မုန်းလကွယ်နေ့မှ စတင်ပြီး နယုန်လကွယ်နေ့အထိ လပြည့်၊ လကွယ်နေ့များတိုင်းတွင် ကျွန်းပင်သာပရဟိတ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်တော် မူကြသည့် ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ပရဟိတကျောင်းတွင်ရှိသည့် ဝေယျာဝိစ္စအဖွဲ့များ၊ မိဘမဲ့ကျောင်းသားလေးများအား အဟာရဒါန ကျွေးမွေးလှူဒါန်းမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သံလွင်

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။