Trending Now

ကချင်ပြည်နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများကို ပြည်နယ်အစိုးရမှစစ်ဆေး၊ စည်းကမ်းနှင့် မညီညွတ်သည့် စက်ရုံနှင့် အလုပ်ရုံများကို ပိတ်သိမ်းမည်ဟု လဝကဝန်ကြီးပြော

Spread the love

ကချင်ပြည်နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများကို ပြည်နယ်အစိုးရမှစစ်ဆေး၊ စည်းကမ်းနှင့် မညီညွတ်သည့် စက်ရုံနှင့် အလုပ်ရုံများကို ပိတ်သိမ်းမည်ဟု လဝကဝန်ကြီးပြော

EPN
မြစ်ကြီးနား၊ မေ ၈

ကချင်ပြည်နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများနေဖြင့် COVID-19 ကာလအတွင်း ကုန်ထုတ်လုပ် နိုင်ဖို့အတွက် ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ဆောင်ရွက်ထား မှုရှိမရှိကို ပြည်နယ် အစိုးရမှ စစ်ဆေးဆောင်ရွက်နေပြီး သတ်မှတ်ချက်များအတိုင်း လိုက်နာမှုမရှိသည့် စက်ရုံနှင့် အလုပ်ရုံများကို ပိတ်သိမ်းသွားမည်ဟု ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ယနေ့ မေလ ၈ ရက်နေ့က ပြောသည်။

ကချင်ပြည်နယ်အတွင်း စက်ရုံနှင့် အလုပ်ရုံများကို ဧပြီလ ၂၀ ရက်နေ့မှ စတင်စစ်ဆေးနေဖြင်းဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံ ၃၂ ခုကို စစ်ဆေးပြီးစီးခဲ့ပြီဖြစ်ပြီး မေလ ၁၅ ရက်နေ့အထိစစ်ဆေးကာ ကျန်းမားရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့် မညီညွတ်သည် စက်ရုံ၊ အလုပ်ရုံများကို ပိတ်သိမ်း သွားမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့်အညီလုပ်ဆောင်သည့် စက်ရုံ၊ အလုပ်ရုံများကို ဆက်လက် ထုတ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း လဝကဝန်ကြီးက ပြောသည်။

“ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ အချက်ဆယ်ချက်အတိုင်း လိုက်နာလား၊ မလိုက်နာဘူးဆိုပြီးစစ်တယ်။ လိုက်နာရင် ဖွင့်ခွင့်ပေးတယ်။ မလိုက်နာရင်ဖွင့်ခွင့်မပေးဘူး။ အခု ၃၂ခုကိုတော့ ဖွင့်ခွင့်ပေးလိုက်တယ်။ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေစိစစ်ရေးဌာနဲ့ ကျန်းမာရေးဌာတို့ ပူးပေါင်းပြီးစစ်တယ်။” ဟု ဝန်ကြီးက ပြောသည်။

ပြည်နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများကို ကိုဗစ် ၁၉ ကာလအတွင်း ကျန်းမားရေးဆောင်ရွက်ချက် များနှင့် ပတ်သက်၍ ကျန်းမာရေးဌာနမှ သတ်မှတ်ချက်များနှင့်အညီရှိမရှိ တင်ပြလာမှုကို စိစစ်ကာ ခွင့်ပြုနေခြင်းဖြစ်ကြောင်း၊ အကယ်၍ မြစ်ကြီးနားမြို့တွင်းမှ လူမှုဖူလုံရေးအရ အကျုံးဝင်သော စက်ရုံ၊ အလုပ်ရုံများ ပိတ်ထားခြင်းခံရပါက သတ်မှတ်နှုန်းထားအတိုင်း ခံစားခွင့်ပေးမည်ဟု ဆိုသည်။

“ လူမှုဖူလုံရေးက မြစ်ကြီးနားမြို့မှာပဲ သူတို့အကျူံးဝင်တဲ့မြို့ဖြစ်တယ်။ တခြားဗန်းမော်တို့၊ မိုးညှင်းတို့ တော့မပါသေးဘူး။ လူမှုဖူလုံရေးအကျုံးဝင်တဲ့မြို့မှာဆိုရင် သူတို့စက်ရုံ၊ အလုပ်ရုံတွေကော အလုပ်သ မားတွေကို သတ်မှတ်ရာခိုင်နှုန်းအတိုင်းထည့်ထားတယ်။ အဲလိုကိုဗစ်နှင့် ပတ်သက်ပြီး စစ်တဲ့အခါမှာ မညီဘူးလို့ ပိတ်ခံရခဲ့ရင် လူမှုဖူလုံရေးမှာထည့်ထားတယ်ဆိုရင် အပိတ်ခံရခဲ့ရင်လည်း သူတို့ထည့် ဝင်ထားတဲ့ထဲက ၄၀ ရာခိုင်နှုန်းကိုပေးနေတယ်။ ကချင်ပြည်နယ်မှာတော့ အခုစစ်နေဆဲကာလမှာ အပိတ်ခံရတာမရှိသေးဘူး” ဟု လဝက ဝန်ကြီး ဦးဇော်ဝင်း ပြောသည်။

ယခုလို COVID-19နှင့် ပတ်သက်ပြီး စက်ရုံ၊ အလုပ်ရုံများကို စစ်ဆေးခြင်းသည် ပြည်နယ်ထောင်စုဝန် ကြီးဌာန၏ ညွန်ကြားချက်ဖြစ်ပြီး မေလ ၁၅ ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း ကုမ္ပဏီအပါအဝင် စက်ရုံနှင့် အလုပ်ရုံ စုစုပေါင်း ၁၁၀ ခုရှိကြောင်း ကချင်ပြည် နယ်အစိုးရအဖွဲ့ထံမှ သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။