Trending Now

ရှင်ဗွေယန်-နန်းယွန်းလမ်းကြားရှိ လမ်းပိုင်း တစ်နေရာ မြေပြိုကျမှုကြောင့် ခရီးသွားလာမှု ခက်ခဲနေ

Spread the love

ရှင်ဗွေယန်-နန်းယွန်းလမ်းကြားရှိ လမ်းပိုင်း တစ်နေရာ မြေပြိုကျမှုကြောင့် ခရီးသွားလာမှု ခက်ခဲနေ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၄ (၂၀၂၃)

ကချင်ပြည်နယ် တနိုင်းခရိုင် ရှင်ဗွေယန်မြို့နှင့် နန်းယွန်းမြို့သွားလမ်းကြားရှိ (၂၁) မိုင် နေရာအနီး တွင် မိုးရွာသွန်းမှုကြောင့် စက်တင်ဘာလ အစောပိုင်းက လမ်းမကြီးပေါ်တွင် မြေပြိုကျပြီး ခရီးသွားလာသူများ သွားလာရခက် ခဲနေကြောင်း ခရီးသွားပြည်သူ များထံမှ သိရသည်။

ယင်း (၂၁) မိုင်နားရှိ လမ်းပိုင်းပျက်စီးမှုကြောင့် ခရီးသွားများ သွားလာရန် ခက်ခဲနေသည့်အတွက် ဖြတ်လမ်းအနေဖြင့် တောလမ်းဖောက်ပြီး ဆိုင်ကယ်များကို သွန်းပြီး ကျော်ဖြတ်သွားရကြောင်း ခရီးသွား ပြည်သူတစ်ဦးက ပြောသည်။

“မိုးရွာတော့ မြေပြိုကျတာ ကားဆိုင်ကယ်တွေသွားလို့မရဘူး။ ဆိုင်ကယ်နဲ့ သွားရင်တော့ အဖွဲ့လိုက်ဆိုရင်ရ တယ် ဝိုင်းတွန်းပြီး သွားရင်သွား။ တစ်ယောက်နှစ်ယောက် ဆိုရင်တော့ မရဘူး။ ကားတွေကတော့ လုံးဝသွား လို့မရဘူး။ အခုတော့ မပြင်သေးတော့ ဖြတ်လမ်းအနေနဲ့တော်ဘက်ကနေ ပတ်ပြီးသွားနေရတယ်” ဟု ၎င်းက ဆိုသည်။

ရှင်ဗွေယန်-နန်းယွန်းကြားရှိ (၅)မိုင်အနီး လမ်းပိုင်းပျက်စီးမှုအား နှစ်လနီးပါး ပြုပြင်ဆောင်ရွက်ခဲ့ပြီး ကားများ သွားလာနိုင်ပြီ ဖြစ်သော်လည်း (၂၁) မိုင်အနီး လမ်းပိုင်းမြေပြိုကျမှုကြောင့် ကား၊ ဆိုင်ကယ်များသွားလာမှု ပြန်လည် ခက်ခဲကြုံတွေ့နေရကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။