Trending Now

ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့ထံသို့ KIA လက်နက်ကိုင် အဖွဲ့ဝင်တချို့ အလင်းဝင်ရောက်ရှိ

Spread the love

ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့ထံသို့ KIA လက်နက်ကိုင် အဖွဲ့ဝင်တချို့ အလင်းဝင်ရောက်ရှိ

EPN
ဖားကန့်၊ ဇွန် ၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လီရိုလမ်းပိုင်းရှိ ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့ထံသို့ KIA လက်နတ်ကိုင် အဖွဲ့ဝင်တချို့ အလင်းဝင်ရောက်ရှိနေကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့၏ နယ်မြေအတွင်း၌ နယ်မြေစိုးမိုးမှုအတွက် လှုပ်ရှားဆောင်ရွက်နေသည့် အပိုင်းတွင် မသင်္ကာဖွယ် လူ့အချို့ ဖမ်းဆီးရမိခြင်းနှင့် KIA လက်နက်ကိုင်အဖွဲ့မှလည်း အလင်းဝင်ရောက်သူတချို့ ရှိနေကြောင်း ၎င်းအဖွဲ့အစည်းမှ တာဝန်သူ တစ်ဦးက ပြောသည်။

” ကျွန်တော်တို့ နယ်မြေအတွင်းမှာ မသင်္ကာတဲ့ သူတချို့ကို ဖမ်းဆီးရမိလို့ စစ်ဆေးတာတွေလည်း ရှိခဲ့တယ်။ မသက်ဆိုင်တဲ့ အရပ်သား ပြည်သူတွေကို ပြန်လွတ်တယ်။ ပြီးတော့ KIA လက်နက်ကိုင် အဖွဲ့အစည်းဘက်ကလည်း အလင်းဝင်ရောက်သူတွေလည်း ရှိတယ် ” ဟု ၎င်းကရှင်းပြသည်။

ဝါရာဇွပ် ပြည်သူ့စစ် တပ်ဖွဲ့ထံသို့ မေလ အတွင်းက KIA လက်နတ်ကိုင် အဖွဲ့ဝင် အချို့ အလင်းဝင်ရောက်မှုများရှိခဲ့ပြီး အဆိုပါ အလင်းဝင်ရောက်သူများကို ၎င်းတို့အနေဖြင့် တာဝန်အရ စိစစ်မေးမြန်မှုတချို့ကိုသာ ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့ နယ်‌မြေအတွင်း၌ KIAလက်နတ်ကိုင် အဖွဲ့အစည်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု မရှိပဲ စစ်ရေးအခြေအနေအရ စောင့်ကြည့်နေရုံ မျှသာရှိကြောင်း သိရပြီး ခရီးသွား ပြည်သူများအား နှစ်ဖက် အဖွဲ့အစည်းများက စစ်ဆေးမှုများ တင်းကြပ်နေကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်းရှိ KIA တပ်မဟာ ၂ လက်အောက် တပ်ရင်း (၁၄)၊ တပ်ရင်း( ၄၃)၊ တပ်ရင်း (၄၅) တို့တွင် အောက်ခြေ အဖွဲ့အစည်း အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများနှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ပိုင်ကြီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။