Trending Now

ဒေါ်လာ ၂၆၀ ဘီလီယံကျော်တန်ကြေးရှိ စီးပွားရေးအစီအစဉ် အိန္ဒိယဝန်ကြီးချုပ် မိုဒီ ကြေညာလိုက်ပြီ

Spread the love

ဒေါ်လာ ၂၆၀ ဘီလီယံကျော်တန်ကြေးရှိ စီးပွားရေးအစီအစဉ် အိန္ဒိယဝန်ကြီးချုပ် မိုဒီ ကြေညာလိုက်ပြီ

EPN
နိုင်ငံတကာ၊ မေ ၁၃

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရသော တိုင်းပြည်၏စီးပွားရေးကို ပံ့ပိုးကူညီရန် အမေရိကန် ဒေါ်လာ ၂၆၀ ဘီလီယံကျော်တန်ကြေးရှိ စီးပွားရေးအစီအစဉ်တစ်ခုကို အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ကြေ ညာလိုက်သည်။

မတ်လနှောင်းပိုင်းက ချမှတ်ခဲ့သည့် အိမ်တွင်းနေအမိန့်ကို စည်းမျဉ်းသစ်များနှင့်အတူ သက်တမ်းတိုးမည် ဖြစ်သော်လည်း အတိုင်းအတာတစ်ခုအထိ ဖြေလျှော့မှုအချို့ ပြုလုပ်မည်ဟု ယမန်နေ့က တိုင်းပြည်သို့ပြောကြား သည့် ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း မိုဒီက ဆိုသည်။

အိန္ဒိယနိုင်ငံ ဂျီဒီပီ၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသည့် စီးပွားရေး အစီအစဉ်သစ်က အသွားအလာကန့်သတ် ချက်ကြောင့် အလုပ်အကိုင်ဆုံးရှုံးသူများနှင့် စီးပွားရေးလုပ်ငန်းများသို့ ရည်ရွယ်မည်ဟု ၎င်းက ပြောသည်။
အစိုးရက စည်းမျဉ်းသစ်များနှင့် အစီအစဉ်အသေးစိတ်ကို မကြာမီ ထုတ်ပြန်မည်ဟု မိုဒီက ဆိုသည်။ ကာ လကြာရှည်နေပြီဖြစ်သော အသွားအလာကန့်သတ်ချက်ကြောင့် ပိုမိုဆိုးရွားလာသော စီးပွားရေးနှင့်ပတ်သက်၍ ပြည်သူလူထု၏ အမျက်ဒေါသကိုဖြေလျော့ရန် မိုဒီက ကြိုးပမ်းနေပုံပေါ်သည်။
သို့သော်လည်း စည်းမျဉ်းများဖြေလျှော့မှုက အတည်ပြုလူနာ ၇၀၀၀၀ ကျော်ပြီဖြစ်သည့် အိန္ဒိယနိုင်ငံ၌ ရောဂါကူးစက်ခြင်း ပျံ့နှံမှုကို ပိုမို မြင့်တက်လာစေနိုင်သည်ဟု အချို့က စိုးရိမ်လျက်ရှိသည်။

–ကိုးကား–

အင်န် အိတ်ချ်ကေ
Ref; Modi vows economic recovery in India amid pandemic


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။