Trending Now

ျပႆနာကို ပိုမိုႀကီးထြားေစတဲ့ ဆိုရွယ္ကြန္ယက္

Spread the love

ျပႆနာကို ပိုမိုႀကီးထြားေစတဲ့ ဆိုရွယ္ကြန္ယက္
EPN
အယ္ဒီတာ့အာေဘာ္၊ စက္တင္ဘာ ၈
ျမစ္ႀကီးနားၿမိဳ႕တြင္ ယခုရက္ပိုင္းအတြင္း ပူပူေႏြးေႏြးျဖစ္ၿပီး လူတုိင္းစိတ္ဝင္စားေနသည့္ ကိစၥ ( Issue) တစ္ခုမွာ ၿပီးခဲ့သည့္ ကခ်င္ျပည္နယ္အတြင္း စစ္ပြဲျဖစ္ပြားမႈ ၈ ႏွစ္ျပည့္ေန႔၌ စစ္ေရွာင္မ်ား၏ ဘဝမ်ားကုိ လမ္းေဘး သရုပ္ေဖၚျပသခဲ့မႈကုိ ဦးေဆာင္ခဲ့သည့္ ကခ်င္လူငယ္ႏွစ္ဦးကုိ ၿငိမ္း၊ စု၊ စီပုဒ္မျဖင့္ တရားစြဲ ဆုိခဲ့သည့္အမႈႏွင့္ ပတ္သက္ဆက္ႏြယ္ခဲ့သည့္အေၾကာင္းျဖစ္သည္။
အဆိုပါ တရားစြဲဆိုခံရသည့္ ကိုေပါလုႏွင့္ မဆုိင္းႏႈးပန္ကုိ ၿမိဳ႕နယ္တရားရုံးမွ ေငြဒဏ္ သုံးေသာင္းစီ ေဆာင္ရန္(သုိ႔မဟုတ္) ေထာင္ဒဏ္ ၁၅ရက္ ခ်မွတ္ခဲ့ရာ ေငြဒဏ္မေဆာင္ခဲ့သည့္အတြက္ ေထာင္ဒဏ္ ၁၅ ရက္က်ခံခဲ့သည္။ ဤဆုံးျဖတ္ခ်က္သည္ မတရားဆုံးျဖတ္ျခင္းဟုဆိုကာ ယင္းအမိန္႔ခ်သည့္ တရားခြင္တြင္ ကိုေပါလုက ခ်ိန္ခြင့္ပ်က္တစ္ခု တရားသူႀကီးကို ေပးခဲ့သည္။
ထိုသုိ႔ လုပ္ေဆာင္ခ်က္သည္ ျပည္သူ႔ဝန္ထမ္းတရားစီရင္ေရး ေဆာင္ရြက္ေနစဥ္ တမင္ေႏွာက္ယွက္ မထင္မဲ့ျမင္ျပဳလုပ္ခဲ့သည္ဟုဆိုကာ ၿမိဳ႕နယ္တရားရုံးမွ ကိုေပါလုကုိ ေနာက္ထပ္ ေထာင္ဒဏ္ ၃ လက်ခံရန္ စက္တင္ဘာလ ၆ ရက္ေန႔က ခ်မွတ္ခဲ့သည္။
အဆုိပါ တရားရုံး၏ အမိန္႔ကုိ ေက်နပ္မႈမရွိသည့္အတြက္ စစ္ေရွာင္လူငယ္မ်ားႏွင့္ ကခ်င္လူငယ္အခ်ိဳ႕က ျမစ္ႀကီးနားၿမိဳ႕တြင္ စက္တင္ဘာလ ၅ရက္ေန႔မွ စတင္၍ ဆႏၵျပမႈ လႈပ္ရွားခဲ့သည္။ ဤ ေနရာမွာ မည္သုိ႔ပင္ ဆႏၵထုတ္ေဖၚေနပါေစ မိမိခံစားေနရေသာ ခံစားခ်က္ကို ဥပေဒႏွင့္အညီ ထုတ္ေဖၚေနျခင္းျဖစ္သည္။
ထို႔ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ လူမႈကြန္ရက္ စာမ်က္ႏွာမ်ားတြင္ ေရးသားမႈမ်ားသည္ အျပဳသေဘာ မ်ိဳးမဟုတ္ဘဲ အပ်က္သေဘာေဆာင္ကာ ျပႆနာကုိ ပိုမိုႀကီးထြားလာေစေသာ အေရးအသားမ်ားကုိလည္း ေျမာက္မ်ားစြာ ေရးသားေနသည္ကို ေတြ႔ရသည္။ ယင္းေရးသားမႈ မွားယြင္းမႈေၾကာင့္လည္း ျပႆနာ၏ အေျဖကို ရွာေဖြၾကရာမွာ အေႏွာက္အယွက္ျဖစ္ေစသည္။
ထုိ႔အျပင္ လူမႈကြန္ယက္ ေဖ့ဘြတ္ေပၚမ်ားတြင္ ေရးသားေနသည့္ အခ်ိဳ႕ စာသားမ်ားသည္ ျပႆနာကို ပိုႀကီးထြားေစႏုိင္ရုံသာမက လူမ်ိဳးေရးခြဲျခားၿပီး ေရးသားလူ႔ံေဆာ္ ေနၾကသည္ကိုလည္း စိတ္မေကာင္းစရာဖြယ္ ေတြ႔ျမင္ရပါသည္။
ယခု ကိစၥႏွင့္ ပတ္သက္ၿပီး အဖဲ႔ြအစည္းတစ္ခုခု၊ လူမ်ိဳးတစ္ခုခု၊ တစ္ဦးတစ္ေယာက္ကုိ သာေစလိုျခင္း၊ နာေစလိုျခင္း ကုိ ဆိုလိုျခင္းမဟုတ္ဘဲ ျပႆနာအေၾကာင္းအရာတစ္ခုက ပိုမိုမႀကီးထြားေအာင္ သတိခ်ပ္ ေစလိုျခင္းသာျဖစ္သည္။ သုိ႔တည္းမဟုတ္ပါက အြန္လိုင္းေပၚ ခုိင္လုံမႈမရွိဘဲ ေရးသား လႈံ႔ေဆာ္လိုက္ျခင္းေၾကာင့္ တကယ္ႏွဖူးေတြ႔၊ ဒူးေတြ႔ရင္ဆုိင္ႀကဳံေတြ႔ေနရသူမ်ားကုိ အက်ိဳးသက္ေရာက္မႈ (impact) ဆိုးလာမည္ကို သတိထားေစခ်င္သည္။
ထုိ႔အျပင္ မည္သည့္ ကိစၥႏွင့္ ပတ္သက္၍မဆုိ လူမႈကြန္ရက္စာမ်က္ႏွာေပၚ ေရးသားေဝဖန္မည္ဆိုပါက ေရးသားသူ အေကာင့္ပုိင္ရွင္အေနျဖင့္ ျပည္တြင္းသာမက ကမာၻကပါ သိျမင္ေစသည့္ လူမႈကြန္ရက္ စာမ်က္ႏွာေပၚတြင္ မေရးသားမွီ ေသခ်ာ ဆင္ျခင္သုံးသပ္သင့္သည္။ သုိ႔မဟုတ္လွ်င္ စာဖတ္သူမ်ား ထင္ေယာင္ ထင္မ်ားျဖစ္ေစသည့္အျပင္ မိမိေရးသားမႈေၾကာင့္ အဖြဲ႔အစည္းကိုျဖစ္ေစ၊ လူပုဂၢိဳလ္ကုိ ျဖစ္ေစ အပုပ္ခ်လိုက္ျခင္း ျဖစ္သလို ျပႆနာမီး ပိုမိုႀကီးထြားလာႏုိင္ေၾကာင္း သတိခ်ပ္ေစလိုရင္း ေရးသားတင္ျပလုိက္ရပါသည္။
အယ္ဒီတာ
ထာဝရၿငိမ္းခ်မ္းေရးသတင္းကြန္ရက္
Eternally Peace News Network (EPN)

——————————————————————————————————-

 ပြဿနာကို ပိုမိုကြီးထွားစေတဲ့ ဆိုရှယ်ကွန်ယက်

EPN
အယ်ဒီတာ့အာဘော်၊ စက်တင်ဘာ ၈

မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း ပူပူနွေးနွေးဖြစ်ပြီး လူတိုင်းစိတ်ဝင်စားနေသည့် ကိစ္စ ( Issue) တစ်ခုမှာ ပြီးခဲ့သည့် ကချင်ပြည်နယ်အတွင်း စစ်ပွဲဖြစ်ပွားမှု ၈ နှစ်ပြည့်နေ့၌ စစ်ရှောင်များ၏ ဘဝများကို လမ်းဘေး သရုပ်ဖေါ်ပြသခဲ့မှုကို ဦးဆောင်ခဲ့သည့် ကချင်လူငယ်နှစ်ဦးကို ငြိမ်း၊ စု၊ စီပုဒ်မဖြင့် တရားစွဲ ဆိုခဲ့သည့်အမှုနှင့် ပတ်သက်ဆက်နွယ်ခဲ့သည့်အကြောင်းဖြစ်သည်။

အဆိုပါ တရားစွဲဆိုခံရသည့် ကိုပေါလုနှင့် မဆိုင်းနှုးပန်ကို မြို့နယ်တရားရုံးမှ ငွေဒဏ် သုံးသောင်းစီ ဆောင်ရန်(သို့မဟုတ်) ထောင်ဒဏ် ၁၅ရက် ချမှတ်ခဲ့ရာ ငွေဒဏ်မဆောင်ခဲ့သည့်အတွက် ထောင်ဒဏ် ၁၅ ရက်ကျခံခဲ့သည်။ ဤဆုံးဖြတ်ချက်သည် မတရားဆုံးဖြတ်ခြင်းဟုဆိုကာ ယင်းအမိန့်ချသည့် တရားခွင်တွင် ကိုပေါလုက ချိန်ခွင့်ပျက်တစ်ခု တရားသူကြီးကို ပေးခဲ့သည်။

ထိုသို့ လုပ်ဆောင်ချက်သည် ပြည်သူ့ဝန်ထမ်းတရားစီရင်ရေး ဆောင်ရွက်နေစဉ် တမင်နှောက်ယှက် မထင်မဲ့မြင်ပြုလုပ်ခဲ့သည်ဟုဆိုကာ မြို့နယ်တရားရုံးမှ ကိုပေါလုကို နောက်ထပ် ထောင်ဒဏ် ၃ လကျခံရန် စက်တင်ဘာလ ၆ ရက်နေ့က ချမှတ်ခဲ့သည်။

အဆိုပါ တရားရုံး၏ အမိန့်ကို ကျေနပ်မှုမရှိသည့်အတွက် စစ်ရှောင်လူငယ်များနှင့် ကချင်လူငယ်အချို့က မြစ်ကြီးနားမြို့တွင် စက်တင်ဘာလ ၅ရက်နေ့မှ စတင်၍ ဆန္ဒပြမှု လှုပ်ရှားခဲ့သည်။ ဤ နေရာမှာ မည်သို့ပင် ဆန္ဒထုတ်ဖေါ်နေပါစေ မိမိခံစားနေရသော ခံစားချက်ကို ဥပဒေနှင့်အညီ ထုတ်ဖေါ်နေခြင်းဖြစ်သည်။

ထို့ကိစ္စရပ်များနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားမှုများသည် အပြုသဘော မျိုးမဟုတ်ဘဲ အပျက်သဘောဆောင်ကာ ပြဿနာကို ပိုမိုကြီးထွားလာစေသော အရေးအသားများကိုလည်း မြောက်များစွာ ရေးသားနေသည်ကို တွေ့ရသည်။ ယင်းရေးသားမှု မှားယွင်းမှုကြောင့်လည်း ပြဿနာ၏ အဖြေကို ရှာဖွေကြရာမှာ အနှောက်အယှက်ဖြစ်စေသည်။
ထို့အပြင် လူမှုကွန်ယက် ဖေ့ဘွတ်ပေါ်များတွင် ရေးသားနေသည့် အချို့ စာသားများသည် ပြဿနာကို ပိုကြီးထွားစေနိုင်ရုံသာမက လူမျိုးရေးခွဲခြားပြီး ရေးသားလူံ့ဆော် နေကြသည်ကိုလည်း စိတ်မကောင်းစရာဖွယ် တွေ့မြင်ရပါသည်။

ယခု ကိစ္စနှင့် ပတ်သက်ပြီး အဖဲ့ွအစည်းတစ်ခုခု၊ လူမျိုးတစ်ခုခု၊ တစ်ဦးတစ်ယောက်ကို သာစေလိုခြင်း၊ နာစေလိုခြင်း ကို ဆိုလိုခြင်းမဟုတ်ဘဲ ပြဿနာအကြောင်းအရာတစ်ခုက ပိုမိုမကြီးထွားအောင် သတိချပ် စေလိုခြင်းသာဖြစ်သည်။ သို့တည်းမဟုတ်ပါက အွန်လိုင်းပေါ် ခိုင်လုံမှုမရှိဘဲ ရေးသား လှုံ့ဆော်လိုက်ခြင်းကြောင့် တကယ်နှဖူးတွေ့၊ ဒူးတွေ့ရင်ဆိုင်ကြုံတွေ့နေရသူများကို အကျိုးသက်ရောက်မှု (impact) ဆိုးလာမည်ကို သတိထားစေချင်သည်။

ထို့အပြင် မည်သည့် ကိစ္စနှင့် ပတ်သက်၍မဆို လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားဝေဖန်မည်ဆိုပါက ရေးသားသူ အကောင့်ပိုင်ရှင်အနေဖြင့် ပြည်တွင်းသာမက ကမ္ဘာကပါ သိမြင်စေသည့် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မရေးသားမှီ သေချာ ဆင်ခြင်သုံးသပ်သင့်သည်။ သို့မဟုတ်လျှင် စာဖတ်သူများ ထင်ယောင် ထင်များဖြစ်စေသည့်အပြင် မိမိရေးသားမှုကြောင့် အဖွဲ့အစည်းကိုဖြစ်စေ၊ လူပုဂ္ဂိုလ်ကို ဖြစ်စေ အပုပ်ချလိုက်ခြင်း ဖြစ်သလို ပြဿနာမီး ပိုမိုကြီးထွားလာနိုင်ကြောင်း သတိချပ်စေလိုရင်း ရေးသားတင်ပြလိုက်ရပါသည်။

အယ်ဒီတာ
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်
Eternally Peace News Network (EPN)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။