Trending Now

ချောင်းဆုံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၆ လုံး မီးလောင်ဆုံးရှုံး

Spread the love

ချောင်းဆုံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၆ လုံး မီးလောင်ဆုံးရှုံး

EPN

ချောင်းဆုံ၊ ဖေဖော်ဝါရီ ၂၁ (၂၀၂၄)

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက်၊ မွန်းလွဲ ၃ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၁၆ လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

အဆိုပါ မီးလောင်မှုသည် ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာ၊ ရပ်ကွက် ၁၂ က ဒေါ်အေးဝင်းဆိုသူ၏ နေအိမ်တွင် ဆိုလာဖြင့် ဘက္ထရီအားသွင်းရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ မီးလာင်မှု ကြောင့် ဒေါ်အေးဝင်းနေအိမ် အပါအဝင် ရပ်ကွက်အတွင်ရှိ နေအိမ် ၁၆ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ ဒေါ်အေးဝင်းအိမ်မှာ ဆိုလာနဲ့ ဘက္ထရီအားသွင်းထားတာက အပူလွန်ကဲပြီး စလောင်တာလို့ သက်ဆိုင်ရာက ကောက်ချက်ချထားတယ်။ လူတွေတော့ ထိခိုက်သေဆုံးတာ မရှိပါဘူး။ အိမ်တွေကတော့ လုံးဝကိုပြာကျသွားတာ။ မီးကမနည်းထိန်းခဲ့ရတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကို မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်အတွင်းရှိ မီးသတ်စခန်းများက မီးတပ်တပ်ဖွဲ့ဝင်များ၊ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်အတွင်းရှိ လူမှုကူညီကယ်ဆယ် ရေး အဖွဲ့များ၊ ဒေသခံများက မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ မီးသတ်အထောက်အကူပြု ယာဉ်များအသုံးပြုကာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုကို သက်ဆိုင်ရာက စစ်ဆေးတွက်ချက်လျက်ရှိပြီး၊ မီးဘေးသင့်ပြည်သူများကို မုဒွန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ် စောင့်ရှောက်ပေးထားကြောင်း ဒေသခံများထံမှ သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။