Trending Now

ဖန်နီမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ ရေကြီးမြေပြိုမှုတွေဖြစ်ဖွယ်ရှိ

Spread the love

 
ဖန်နီမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ ရေကြီးမြေပြိုမှုတွေဖြစ်ဖွယ်ရှိ

EPN
နိုင်ငံတကာ၊ မေ ၅

အိန္ဒိယနိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းဖန်နီကြောင့် မြန်မာနိုင်ငံမှာလည်း သက်ရောက်မှုတွေ ဖြစ်ပေါ်နိုင်ပြီး ရေကြီးမြေပြိုမှုတွေဖြစ်လာနိုင်တယ်လို့ အိန္ဒိယအခြေစိုက် ANIသတင်းဌာနက ဖော်ပြထားပါတယ်။

မုန်တိုင်းဖန်နီဟာပြီးခဲ့တဲ့ မေသုံးရက်နေ့က အိန္ဒိယနိုင်ငံမြောက်ပိုင်းကို စတင်တိုက်ခတ်ခဲ့ပါတယ်။

မုန်တိုင်းဖန်နီဟာ အားပျော့သွားပေမဲ့ မြန်မာနိုင်ငံရှိ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ မိုးရွာသန်းမှု သို့မဟုတ် မိုးကြိုးပစ်၊ မိုးခြိမ်းတာတွေဖြစ်လာနိုင်တယ်လို့ မြန်မာအစိုးရအာဏာပိုင်တွေက သတိပေးထားပါတယ်။

မြစ်အနီးနဲ့တောင်ကုန်းဒေသအနီး နေထိုင်သူတွေအနေနဲ့ ရေကြီးမြေပြိုမှုတွေဖြစ်လာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက သတိပေးထားပါတယ်။

မြန်မာနိုင်ငံကမ်းရိုးတန်းတစ်လျှောက်မှာလည်း လှိုင်းကြီးမှုတွေဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။
————————————————————–


EPN







Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။