Trending Now

ဘေးအန္တရာယ်ကင်းရှင်းကြောင်း အတည်မပြုနိုင်သည့် တရားမဝင်ဆေးဝါးများ စစ်ဆေးတွေ့ရှိနေရကြောင်း FDA အသိပေးထုတ်ပြန်

Spread the love

ဘေးအန္တရာယ်ကင်းရှင်းကြောင်း အတည်မပြုနိုင်သည့် တရားမဝင်ဆေးဝါးများ စစ်ဆေးတွေ့ရှိနေရကြောင်း FDA အသိပေးထုတ်ပြန်

EPN

မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၄

မြန်မာနိုင်ငံတွင် အများပြည်သူအသုံးပြုနေသည့် ဆေးဝါးများတွင် ဆင်တူရိုးမား ဆေးဝါးများနှင့်မြန်မာနိုင်ငံအစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)တွင် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများကို တွေ့ရှိနေရကြောင်း အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ဆေးဝါးများကို FDA က အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုတို့ကို စစ်ဆေးထားနိုင်ခြင်းမရှိသည့်အတွက် အများပြည်သူ သတိပြု၍ သုံးစွဲနိုင်ရန်အတွက် FDA တွင် မှတ်ပုံတင်ထားသည့် ဆေးဝါးများနှင့် ကွာခြားချက်များကို အသိပေးဖော်ပြထားသည်။

အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ဆေးဝါးများနှင့် ယှဉ်တွဲဖော်ပြထားသည့် တရားမဝင် ဆေးဝါးများသည် NOXA, Bepanthen, Diaclo-M, fugacar, pan-Amin G 500ml, Xarelto ဆေးဝါးများဖြစ်ကြောင်း သိရသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။