Trending Now

ဆန္ဒပြမှုများဖြိုခွင်းရန် စစ်တပ်စေလွှတ်မယ်လို့ ဒေါ်နယ်ထရန့် ပြော

Spread the love

ဆန္ဒပြမှုများဖြိုခွင်းရန် စစ်တပ်စေလွှတ်မယ်လို့ ဒေါ်နယ်ထရန့် ပြော

EPN
နိုင်ငံတကာ၊ ဇွန် ၃

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကိုယ့်ကိုကိုယ် တရားဉပဒေစိုးမိုးရေးနှင့်သက်ဆိုင်သော သမ္မတ အဖြစ် ကြေညာခဲ့သည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးများက လမ်းမများပေါ်ရှိ ဆန္ဒပြမှုများကို ကိုင်တွယ်နိုင်ခြင်းမရှိလျင် အမေရိကန်စစ်တပ်ကို ခေါ်ယူ၍ ဆန္ဒပြမှုများကို အဆုံးသတ်ရန် သံန္နိဌာန်ချထားကြောင်း ထရန့်က ပြောသည်။

ပြီးခဲ့သည့်တစ်ပတ်က မီနီပူးလစ်မြို့ ရဲစခန်းတွင် လက်နက်မဲ့ လူမည်းအမျိုးသားဖြစ်သူ ဂျော့ဂျ်ဖလွိုက် သေဆုံးခဲ့ပြီးနောက် ဆန္ဒပြ အဓိကရုဏ်းမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုရှိ မြို့တစ်မြို့ သို့မဟုတ် ပြည်နယ်တစ်ခုတွင် နေထိုင်သည့် လူများ၏ အသက်အိုးအိမ်ကို ကာကွယ်ရန်အတွက် လိုအပ်သည့် အရေးယူမှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ငြင်းဆန်ပါက မိမိအနေဖြင့် အမေရိကန်စစ်တပ်ကို အသုံးပြုပြီး ပြဿနာများကို လျင်မြန်စွာ ဖြေရှင်းမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုရှိ မြို့များတွင် ညမထွက်ရအမိန့်များ ထုတ်ပြန်ထားသော်လည်း ဒေသများစွာ၌ ဆန္ဒပြအကြမ်းဖက်မှုများ ဖြစ်ပေါ်လာခဲ့သည်။

ဆန္ဒပြပွဲများသည် ပြည်နယ်၄၀မှ မြို့တော် ၁၄၀သို့ ပျံ့နှံ့ခဲ့ကြောင်း နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြထားသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့အတွင်းက ဆန္ဒပြသူပေါင်း ၄၄၀၀ကျော်ကို ဖမ်းဆီးမှု ပြုလုပ်ခဲ့သည်။

တနင်္လာနေ့ နံနက်အစောပိုင်းက ဂျော့ဂျ်ဖလွိုက်၏ အစ်ကိုဖြစ်သူသည် လူဖြူရဲအရာရှိဖြစ်သူက ဖလွိုက်အား ရှစ်မိနစ်ကျော် လည်ပင်းတက်နင်းခဲ့သည့် နေရာသို့ သွားရောက်ခဲ့သည်။

ဆန္ဒပြသူများ ဝိုင်းရံထားသည့် ဖလွိုက်၏ အစ်ကိုဖြစ်သူ တဲ့ရော့ဖလွိုက်က ဝန်းရံသူများကို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရန် တောင်းဆိုခဲ့သည်။

တဲ့ရော့ဖလွိုက်က ၎င်းအနေဖြင့် ယခုကဲ့သို့ ကမောက်ကမအခြေအနေကို မဖြေရှင်းလျင် ဂျော့ဂျ်ဖလွိုက်၏ သေဆုံးမှုသည် အလကားဖြစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် ညီဖြစ်သူကို လုံးဝပြန်မရနိုင်တော့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဖလွိုက်ကို ခွဲစိတ်ခဲ့ရာတွင် လည်ပင်းနှင့်နောက်ကျောကို ဖိထားခဲ့ခြင်းကြောင့် အသက်ရှုကြပ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစုက ပြောကြားခဲ့သည်။

Ref;Trump threatens to send military to quell protests
ကိုးကား-အန်အိတ်ချ်ကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။