Trending Now

ပူတာအိုမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့် ဝေခြင်းလုပ်ငန်း ဆောင်ရွက်

Spread the love

ပူတာအိုမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့် ဝေခြင်းလုပ်ငန်း ဆောင်ရွက်

EPN
ပူတာအို၊ ဇွန် ၂၂

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေပါ ယာဉ်မောင်းသူများ လိုက်နာရမည့် ယာဉ်စည်းကမ်းလမ်း စည်းကမ်းအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၇)နာရီက ပူတာအိုမြို့ မြို့မဈေးရှေ့လမ်းဆုံ၌ အသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည်။

” ၂၀၂၀ပြည့်နှစ် မေလ(၂၆)ရက်မှာ ပြည်ထောင်စုလွှတ်တော်ဥပဒေကနေ ဥပဒေအမှတ်(၆)ဖြင့် ထုတ် ပြန်ထားတဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေကို ပူတာအိုမြို့နေ မြို့သူမြို့သား များသိရှိလိုက်နာလာစေရန်အတွက် လက်ကမ်းစာစောင် စောင်ရေ (၂၀၀)ဖြန့် ဝေခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေ တွေကို ပြည်သူတွေ သိရှိပြီးတော့ လိုက်နာလာအောင်ချပြတာတွေ ဗီနိုင်းပိုစတာ စိုက်ထူတာတွေ လက်ကမ်းစာ စောင်ဖြန့်ဝေတာ တွေကို လူအသွားအလာ များတဲ့ လမ်းဆုံလမ်းခွတွေမှာ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါ တယ်” ဟု ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ဇော်ဝင်းက ပြောသည်။

အဆိုပါအသိပညာပေးခြင်းလုပ်ငန်းကို ပူတာအိုခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးလွင်၏ လမ်းညွှန် ကြပ်မတ်မှုဖြင့် ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးဇော်ဝင်း၊ ခေတ္တမြို့မရဲစခန်းမှူး ရဲအုပ် ပြည့်ဖြိုးအောင်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေး ရဲတပ်ကြပ်ကြီး အောင်လင်းဦးစီးတပ်ဖွဲ့ဝင်များက ၂၀၂၀ပြည့် နှစ် မေလ(၂၆) ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၆)ဖြင့် ထုတ်ပြန်ပြဌာန်းထားသည့် ယာဉ် အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအား ပူတာအိုမြို့နယ်ရှိ ပြည်သူများသိရှိလိုက်နာလာ စေရန်အတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ ခြင်းဖြစ်သည်။

ထို့အပြင် မော်တော်ယာဉ် မော်တော်ဆိုင်ကယ်စီးနှင်း လာကြသော ပြည်သူများအား ကိုဗစ်ကာလ အတွင်း Maskများ စနစ်တကျ တပ်ဆင်သွားလာရေး၊ ယာဉ်မောင်းသည့်အခါ ယာဉ်မောင်းသူနှင့် စီးနှင်းလိုက်ပါ သူများ ထိုင်ခုံခါးပတ်စနစ်တကျ ပတ်ထားရန်၊ မော်တော်ဆိုင်ကယ်များကို အနိမ့်မီးဖွင့်မောင်းနှင်ရန်၊ ယာဉ်မောင်း သူများအနေဖြင့် ယာဉ်မောင်းလိုင်စင်၊ယာဉ်လိုင်စင်များကို ယာဉ်နှင့်အတူတစ်ပါတည်းပါရှိရေး တို့ကိုအသိပညာ ပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။