Trending Now

နီပေါနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၂၈ ဦးသေဆုံးခဲ့ပြီး ၁၄၀ ကျော်ဒဏ်ရာရ

Spread the love

နီပေါနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၂၈ ဦးသေဆုံးခဲ့ပြီး ၁၄၀ ကျော်ဒဏ်ရာရ

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၄

နီပေါနိုင်ငံအနောက်ပိုင်းမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၁၂၈ ဦး သေဆုံးခဲ့ပြီး ၁၄၀ ကျော်ဒဏ်ရာရှိခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက ဒီနေ့ နိုဝင်ဘာ ၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

နီပေါနိုင်ငံအနောက်ပိုင်းမှာရှိတဲ့ ဂျာယာကွတ်နဲ့ ယူခမ်း ခရိုင်တွေမှာ သောကြာနေ့ညပိုင်းက ပြင်းအား ၆.၄ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ပြင်းအား ၄.၀ အထက်ရှိတဲ့ ငလျင်လေးခု လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“လူတွေကို ကယ်ဆယ်ဖို့ အဓိကထား လုပ်ဆောင်နေတာကြောင့် ပျက်စီးသွားတဲ့ အိမ်တွေနဲ့ တခြား အခြေခံအဆောက်အဦတွေအကြောင်း အသေးစိတ် အချက်အလက်တွေကို ကျနော်တို့ မသိရှိရသေးပါဘူး၊ ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးနဲ့ ကုသရေးက ပထမဦးစားပေးဖြစ်ပါတယ်” လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗာတာရီက ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် လူနေအိမ်တွေနဲ့ လမ်း၊တံတားတွေအများအပြားပျက်စီးသွားခဲ့ပြီး မြေပြိုမှုတွေကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ ငလျင်ဘေးသင့်ဒေသကို သွားရောက်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

နီပေါဝန်ကြီးချုပ်ပါ့ရှ်ပါ ကမေလ် ဒါဟယ်က ဒီနေ့မနက်ပိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ဘေးသင့်ဒေသကို သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် ရဟတ်ယာဉ်တွေကို ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

နီပေါနိုင်ငံမှာ ၂၀၁၅ ခုနှစ်ကလည်း ပြင်းအား ၇.၈ အဆင့်ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့လို့ လူပေါင်း ၉၀၀၀ ခန့်သေဆုံးခဲ့ပြီး နိုင်ငံရဲ့ အိမ်ခြေထက်ဝက်ကျော် ပျက်စီးခဲ့ရပါတယ်။

Ref; xinhua


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။