Trending Now

ယူကေတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဉီးရေမှာ ဥရောပတိုက်တွင် အမြင့်ဆုံးဖြစ်လာ

Spread the love

ယူကေတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဉီးရေမှာ ဥရောပတိုက်တွင် အမြင့်ဆုံးဖြစ်လာ

EPN
နိုင်ငံတကာ၊ မေ ၆

ယူနိုက်တက်ကင်းဒမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် သေဆုံးသူဉီးရေမှာ ၂၉၀၀၀သို့ ရောက်ရှိသွားပြီဖြစ် ပြီး ဉရောပနိုင်ငံများထဲတွင် သေဆုံးမှုအမြင့်ဆုံးတိုင်းပြည်ဖြစ်သည်။

မေလ ၄ ရက်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၇၀၀နီးပါးရှိပြီး စုစုပေါင်း သေဆုံးသူ ၂၉၄၂၇ဉီးအထိ မြင့်တက်လာခဲ့ကြောင်း ဗြိတိန်ကျန်းမားအာဏာပိုင်များက ကြေညာခဲ့သည်။

အဆိုပါ အရေအတွက် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကမ္ဘာပေါ်တွင် သေဆုံးသူအများဆုံးဉီးရေဖြစ်သည်။ အီတလီနိုင်ငံထက် ပိုမိုများပြားသည်။ ယူကေတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အမြင့်ဆုံးသို့ရောက်ရှိလာပြီးနောက် စောင့်ရှောက်ရေးဂေဟာများတွင် သေဆုံးသူအရေအတွက် မြင့်မားလာခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကို မြန်ဆန်စွာ စစ်ဆေးခြင်းက ပိုမိုအကျိုးရှိနိုင်ကြောင်း ယမန်နေ့က လွှတ်တော်သို့ အစိုးရ၏ သိပ္ပံဆိုင်ရာအကြံပေးချုပ် ပက်ထရစ်ဗလဲန်းစ်က ပြောကြားခဲ့သည်။

လူမှုရေးနှင့်စီးပွားရေးလှုပ်ရှားမှုများအပေါ်ပြင်းထန်သည့် ကန့်သတ်ချက်များကိုဖြေလျှော့မည့် အစီအမံရှင်းပြရန် နိုင်ငံတော်သို့ တနင်္ဂနွေနေ့တွင် မိန့်ခွန်းပြောကြားရန် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က စီစဉ်ထားသည်။

–ကိုးကား–
အင်န်အိတ်ချ်ကေ
Ref; UK coronavirus death toll highest in Europe


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။