Trending Now

ဗိုင်းရပ်စ်ကာကွယ်ဆေး ရမ်ဒီဆီဗာကို ကိုဗစ်-၁၉ လူနာများအတွက် အရေးပေါ်အသုံးပြုရန် တောင်ကိုရီးယား အတည်ပြု

Spread the love

ဗိုင်းရပ်စ်ကာကွယ်ဆေး ရမ်ဒီဆီဗာကို ကိုဗစ်-၁၉ လူနာများအတွက် အရေးပေါ်အသုံးပြုရန် တောင်ကိုရီးယား အတည်ပြု

EPN
နိုင်ငံတကာ၊ ဇွန် ၃

ကိုရိုနာဗိုင်းရပ်စ် လူနာများကိုကုသရာတွင် အသုံးပြုရန် ဗိုင်းရပ်စ်ကာကွယ်ဆေး ရမ်ဒီဆီဗာကိုအတွက် တောင်ကိုရီးယားနိုင်ငံက အရေးပေါ်ခွင့်ပြုမိန့်တစ်ခု ယနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်ပမှ အဆိုပါဆေးဝါးများတင်သွင်းရန် လမ်းဖွင့်ပေးလိုက်သည်။

မေလအစတွင် အမေရိကန်နိုင်ငံက ရမ်ဒီဆီဗာဆေး အရေးပေါ်အသုံးပြုမှုကို တရားဝင်ခွင့်ပြုခဲ့ပြီး ဂျပန် နိုင်ငံကလည်း ထိုဆေးဝါးအသုံးပြုမှုကို ခွင့်ပြုခဲ့သည်။ ဥရောပနိုင်ငံများက ရမ်ဒီဆီဗာဆေး အရေးပေါ်အသုံးပြုရေး ခွင့်ပြုချက်ပေးရန် စဉ်းစားလျက်ရှိသည်။

တောင်ကိုရီးယားအစိုးရ၏ ရမ်ဒီဆီမာဆေး သုတေသနပြုမှုအရ ကိုဗစ်-၁၉ လူနာများ ပြန်လည်ကျန်းမာ မှုကို အချိန်တိုအတွင်း အထောက်အကူပြုကြောင်း အစားအသောက်နှင့် ဆေးဝါးအန္တရာယ်ကင်းစင်ရေးဝန်ကြီးဌာနက ပြောသည်။

အဆိုပါဆေးဝါးများ ပထမဆုံးအကြိမ် ပြည်ပမှတင်သွင်းမှုကို ဆေးဝါးထုတ်လုပ်သည့် Gilead Sciences နှင့် ဝန်ကြီးဌာနက လက်တွဲမည်ဖြစ်သော်လည်း ဈေးနှုန်းနှင့် အရေအတွက်အသေးစိတ်ကိုမူ မပြောကြားခဲ့ပေ။

တောင်ကိုရီးယားနိုင်ငံက တရုတ်နိုင်ငံပြင်ပတွင် အစောပိုင်း၌ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အဆိုးဆုံး ကြုံတွေ့ခဲ့ရသော်လည်း အမြန် ခြေရာခံခြင်း၊ စမ်းသပ်ခြင်းနှင့် ကုသခြင်းအစီအစဉ်များအပြင် နှာခေါင်းစည်းတပ် ဆင်ခြင်းကဲ့သို့သော အစိုးရ၏ လမ်းညွှန်ချက်များကို ပြည်သူများက လိုက်နာကြခြင်းကြောင့် ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုကူးစက်မှု ၁၁၅၉၀ မှုနှင့် သေဆုံးသူ ၂၇၃ ဦး ရှိပြီး ကူးစက်လူနာ ၈၀၀ ကျော်ကို ကုသမှုပေး သို့မဟုတ် စောင့်ကြည့်နေကြောင်း သိရသည်။

–ကိုးကား–အေ အက်ဖ်ပီ
Ref; South Korea approves anti-viral drug remdesivir for coronavirus patients


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။