Trending Now

ဝိုင်းမော်မြို့ ရပ်ကွက်၁ ကို Lock Down ချသည့်သတင်းမှာ မဟုတ်မှန်ဟုဆို

Spread the love

ဝိုင်းမော်မြို့ ရပ်ကွက်၁ ကို Lock Down ချသည့်သတင်းမှာ မဟုတ်မှန်ဟုဆို

 

EPN
ဝိုင်းမော်၊ ဧပြီ ၁၄

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ရပ်ကွက် ၁ တစ်ရပ်ကွက်လုံးကို ကိုရိုနာရောဂါပိုးရှိသူတစ်ဦး တွေ့ရှိခဲ့မှုကြောင့် Lock Down ချထားသည်ဟု လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် သတင်းထွက်နေခြင်း သည် မဟုတ်မှန်ကြောင်း ဝိုင်းမော်မြို့နယ်အထွေထွေဦးစီးဌာနမှ သိရသည်။

ကချင်ပြည်နယ် လိုင်ဇာမြို့တွင် KIAအဖွဲ့မှ ဒုဗိုလ်အဆင့်ရှိသူတစ်ဦးသည် လိုင်ဇာဆေးရုံ၌ ဆေးကုသ မှုခံယူနေပြီး ၎င်းမှာ COVID-19 ပိုး သံသယရှိသူအဖြစ် စောင့်ကြည့်နေကြောင်း၊ ၎င်းမှာ ပြီးခဲ့သည့် မတ်လ ၂၄ ရက်က ဝိုင်းမော်မြို့သို့ ခရီးသွားခဲ့သည့် ရာဇဝင်ရှိခဲ့သည့်အတွက် ၎င်းနေထိုင်ခဲ့သည့် ဝိုင်း မော်မြို့ ရပ်ကွက် ၁တစ်ခုလုံးကို LockDown ချထားကြောင်း သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဝိုင်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက “ မဟုတ်ပါဘူး။ လူတွေက လျှောက်ပြီးတင်နေတာ။ မနေ့က လူမှုကွန်ယက်စာမျက်နှာမှာတွေ့မှာပဲလေ။ အဲဒီမှာ ခဏသူ့မိသားစုနဲ့ တွေ့သွားတယ်။ အဲဒီလူလည်း ရင်ကျန်းဘက်မှာ စစ်နေတုန်း။ အဖြေမသိရသေးဘူး။ အဲဒီအိမ်ကိုပဲ အသွားအလာကန့်သတ်ထားတာ ပါ။ တစ်ရပ်ကွက်လုံးမလုပ်ပါဘူး။” ဟု ၎င်းက ပြောသည်။

အဆိုပါ လိုင်ဇာဆေးရုံ၌ ကိုရိုနာရောဂါသံသယအဖြစ်ဆေးကုသခံယူနေသည့် KIA ဒုဗိုလ်အဆင့်ရှိသူ နေထိုင်ခဲ့သည့် ဝိုင်းမော်မြို့ ရပ်ကွက်၁ နေအိမ်တစ်ခုနှင့် ၎င်းသွားလာခဲ့သည့် နေရာများကို ကြို တင်ကာကွယ်ရေးလုပ်ဆောင်မှုအဖြစ် ပိုးသတ်ဆေးဖျန်းခြင်းများလုပ်ဆောင်နေကြောင်း ဝိုင်းမော် မြို့ နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

ကေအိုင်အေထိန်းချုပ်ရာ ”လိုင်ဇာမြို့တွင် COVID-19 ကပ်ရောဂါပိုးရှိသည်ဟု ယူဆရသော သူတစ်ဦး ကိုတွေ့ရှိထားသည်။ ထို့ကြောင့် ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာကော်မတီများမှ ချမှတ်ထားသော လမ်းညွန်ချက်များကို တသွေမတိမ်း လိုက်နာကြရန် ထုတ်ပြန်အပ်ပါသည်။ ထူးခြားဖြစ်စဉ်များကိုလည်း အချိန်နှင့်တပြေးညီထုတ်ပြန်သွားမည်” ဟူ ထုတ်ပြန်ချက်တစ်ခုသည် ဧပြီ လ ၁၃ ရက်နေ့ညက လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။