Trending Now

ဗန်းမော်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ၉၄ ဒဿမ ၆၉ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို

Spread the love

ဗန်းမော်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ၉၄ ဒဿမ ၆၉ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို

EPN
ဗန်းမော်၊ မတ် ၈

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က စာစစ်ဌာန (၃)ခု၌ ကျင်းပခဲ့ရာ စာမေးပွဲ ပထမနေ့တွင် မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူပေါင်း (၁၁၉၅)ဦး ရှိပြီး ဖြေဆိုသည့်ရာခိုင်နှုန်း ၉၄ ဒသမ ၆၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

စာမေးပွဲ ဖြေဆိုသူ ကျောင်းသားကျောင်း သူများအား ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်လွင်နှင့် အဖွဲဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ထွန်းတိုးနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက စာစစ်ဌာနများသို့ သွားရောက်ကာ ကြည့်ရှုအားပေးခဲ့ ကြပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လုံခြုံးရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးခဲ့ကြသဖြင့် ကျောင်းသား/ကျောင်းသူများ အေးချမ်းသာယာချောမွေ့ စွာ ဖြေဆိုနိုင်ခဲ့ကြသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဗန်းမော်မြို့နယ်အတွင်းရှိ အထက (၁)၊ အထက (၂)၊ အထက (၃) စာစစ် ဌာန တွင် ကျောင်းတွင်း၊ ကျောင်းပြင် ဝင်ရောက်ဖြေဆိုရန်စာရင်းရှိ ကျောင်းသား ကျောင်းသူများတွင် ကျား ၅၁၅၊ မ ၇၄၇ စုစုပေါင်း ၁၂၆၂ ဦး အနက်ပျက်ကွက်သူ ကျား ၃၅ ဦး၊ မ ၃၂ ဦး ပေါင်း၆၇ ဦးရှိ သဖြင့် ဝင်ရောက်ဖြေဆိုကြသူ ကျား ၄၈၊ မ ၇၁၅ စုစု ပေါင်း ၁၁၉၅ ဦး ရှ်ိပြီး ဖြေဆိုသူ ၉၄ ဒသမ ၆၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဗန်းမော်သုခမိန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။