Trending Now

မြစ်ကြီးနား-မန္တလေး သွားလမ်းပေါ်ရှိ တံတားတစ်စင်း ရေတိုက်စား၍ ပျက်စီးသောကြောင့် သွားလာခြင်း ရပ်နားနေရ

Spread the love

မြစ်ကြီးနား-မန္တလေး သွားလမ်းပေါ်ရှိ တံတားတစ်စင်း ရေတိုက်စား၍ ပျက်စီးသောကြောင့် သွားလာခြင်း ရပ်နားနေရ

EPN
မြစ်ကြီးနား၊ ဩဂုတ် ၄

မြစ်ကြီးနား – မန္တလေး သွားလမ်းပေါ်ရှိ မရမ်းကျေးရွာအုပ်စုအတွင်းက တံတား တစ်စင်း ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးသွား၍ တံတားဖြတ်သန်းသွားလာခြင်းအား ခေတ္တရပ်နားနေရကြောင်း ကားဆရာများထံမှ သိရသည်။

ဇူလိုင်လအတွင်းနှင့် ဩဂုတ်လဆန်းပိုင်းတို့တွင် မိုးအဆက်မပြတ် ရွားသွန်းခဲ့‌၍ တောင်ကျရေ တိုက်စားမှုများကြောင့် မြစ်ကြီးနားမြို့နယ်၊ မရမ်းကျေးရွာအနီး တံတားတစ်စင်း ပျက်စီးမှုကို ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်နေ၍ ခရီးသွားလာခြင်းအား ခေတ္တရပ်နားထားကြောင်း ခရီးသည်တစ်ဦးက ရှင်းပြသည်။

” နမ္မတီးကနေ ၂၁ မိုင်ဂိတ် မရောက်ခင် မိန်းလမ်းမပေါ်က တံတားတစ်စင်း ချောင်းရေတိုက်စားလို့ ပျက်စီးနေတယ်။ အခု အဲ့တံတားကို အရေးပေါ်ြုပြင်ပေးနေတယ်။ ဘယ်ယာဉ်မှ သွားလာခွင့် မပြုထားဘူး အခုလမ်းပိတ်နေတယ် ” ဟု ခရီးသည်တစ်ဦးက ပြောသည်။
အဆိုပါ တံတားသည် မြစ်ကြီးနား – မန္တလေး သွားသည့် လမ်းပိုင်းပေါ်ရှိ တံတားတစ်စင်းဖြစ်ပြီး အများပြည်သူ အသုံးပြုနေသည့် တံတားဖြစ်၍ အရေးပေါ် အခြေအနေ ပြုပြင်နေရခြင်းကြောင့် ခရီးသွားယာဉ်များ နာရီပိုင်း ဖြတ်သန်းသွားလာခြင်း ခေတ္တပိတ်ထားရခြင်းဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား – မန္တလေး သွားလမ်းပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လမ်းများရေကျော်ခြင်း၊ တံတားများ ရေတိုက်စားခြင်းနှင့် နမ္မတီး၊ မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း၊ အင်းတော်ကြီး စသည့်မြို့နယ်၊ ကျေးရွာ တို့တွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းက ရေကြီးရေလျှံမှုများ ဖြစ်ပွားမှုကြောင့် လူနေအိမ်များ နေရာပြောင်းရွေ့ နေထိုင်ခဲ့ရကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။