Trending Now

ချင်းတွင်းမြစ်အတွင်း မုံရွာနှင့် ချင်းတွင်းမြစ် အထက်ပိုင်း ပြေးဆွဲနေသည့် ရေယာဉ်အသင်းလိုင်းတစ်ချို့ ယာယီရပ်နားမည်

Spread the love

ချင်းတွင်းမြစ်အတွင်း မုံရွာနှင့် ချင်းတွင်းမြစ် အထက်ပိုင်း ပြေးဆွဲနေသည့် ရေယာဉ်အသင်းလိုင်းတစ်ချို့ ယာယီရပ်နားမည်
 

EPN
မုံရွာ၊ မတ် – ၃၀

ချင်းတွင်းမြစ်အတွင်း မုံရွာနှင့် ချင်းတွင်းမြစ်အထက်ပိုင်း ပြေးဆွဲနေသည့် ရေယာဉ်အသင်းလိုင်း တစ်ချို့ ယာယီရပ်နားမည်ဖြစ်ကြောင်း ဦးစီးအရာရှိ၊ စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းညွှန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိဖြိုးမင်းခင်ကပြောသည်။

ချင်းတွင်းမြစ်အတွင်း မုံရွာနှင့်ခန္တီးအထိ ပြေးဆွဲနေသည့်ရွှေလမ်းသစ်၊ စွဲထက်နိုင်၊ မုံရွာနှင့်ဟုမ္မလင်း ပြေးနေသည့် ရွှေပြည်ကမ္ဘာ၊ မုံရွာနှင့်ကင်းပြေးနေသည့်အာင်စိုးမိုးကျော်ရေယာဉ်အသင်းတို့သည် ဧပြီ ၁ ရက်နေ့မှစ၍ ၁၈ ရက်နေ့အထိ ယာယီရပ်နားမည်ဖြစ်သည်။

“အမြန်ရေယာဉ်လိုင်းတွေ ယာယီရပ်နားတာပါ။အခုလက်ရှိရေယာဉ်အသင်းတွေကနေစုပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဆီစာတင်ထားပါတယ်။ ဧပြီ ၁ ရက်နေ့ကစ၍ ယာယီရပ်နားပါမယ်။ မုံရွာနဲ့ခန္တီးအထိ ပြေးဆွဲနေတဲ့ ရွှေလမ်းသစ်၊ စွဲထက်နိုင်၊ မုံရွာနဲ့ဟုမ္မလင်း ပြေးနေတဲ့ရွှေပြည်ကမ္ဘာ၊ မုံရွာကင်းပြေးနေတဲ့အောင်စိုးမိုးကျော်ရေယာဉ်အသင်းပါမယ်။ ယာယီရပ်နားတာပါ။ ယာယီရပ်နား ဒါကတော့ ဧပြီ ၁ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ယာယီရပ်နားတာပါ။ ကျန်တဲ့ရေယာဉ် လိုင်းအသင်း မုံရွာကနေ ခန္တီး၊ တခြား လိုင်းတိုလေးတွေကတော့ ပြေးဆွဲမှာပါ။ ရေယာဉ်သုံးအသင်းပေါင်း တစ်အသင်း ကျန်မယ်။ မုံရွာနဲ့မောက္ကတော်ပြေးနေတဲ့ဇမ္ဗူထွန်းကျန်မယ်။ အဲအသင်းတွေကတော့ လက်ရှိပြေးနေမှာပါ။ လက်ရှိပြေးဆွဲနေမယ့်ဆိုပေမယ့် သူတို့ကလဲ သင်္ကြန်ဆိုရပ်နားကြအုံးမှာပါ။ ခရီးသည် အခက်အခဲမရှိအောင် တော့ပြေးဆွဲနေမှာပါ။ မုံရွာနဲ့ဟုမ္မလင်းအထိ MGRG ၊ ငွေဇင်ဦး၊ မိုးဇဉ်ယောနဲ့ရွှေနဒီရေယာဉ်လိုင်း တွေကတော့ ပြေးဆွဲမှာပါ။ အဲလိုင်းတွေကတော့ ပြေးဆွဲနေအုံးမှာပါ”ဟု ဖြိုးမင်းခင်ကပြောသည်။

ယခုလိုယာဉ်လိုင်းယာယီရပ်နားလိုက်ခြင်းသည် ခရီးသည်လိုက်ပါမှု နည်းလာခြင်းနှင့် ကိုလိုနာဗိုင်းရပ်စ် ရောဂါကာကွယ်သည့်အနေဖြင့် ယာဉ်လိုင်းလျော့ခြင်းဖြစ်သည်။

“လက်ရှိမှာရေကြောင်းကလဲကြပ်လာပြီ။ ခရီးသည်လိုက်ပါမှုကလဲ ကျောင်းသားတွေလဲ ပြန်သွားပြီဖြစ်တာ မို့ လုံးဝမရှိတော့ဘူး။ ခရီးသည်က တစ်ယောက်နှစ်ယောက်တော့ပဲ ပါတော့တယ်။ အစုန်ဆိုလုံးဝမပါတော့ ဘူး။ ဒါကြောင့်မို့ မုံရွာနဲ့ဟုမ္မလင်းတစ်နေ့ကို အမြန်ရေယာဉ်သုံးစီ ပြေးဆွဲရင် ကျွန်တော်တို့က တစ်သင်းပဲ ပြေးတော့မယ်။ ချုံလိုက်သဘောပါ။ မော်တော်တွေကလဲအရှုံးပေါ်နေတာမို့ တင်ပြလာတယ်။ ဒါပြီး ကိုလိုနာဗိုင်းရပ်စ် ရောဂါကာကွယ်တဲ့ အနေနဲ့တစ်စိတ်တစ်ပိုင်းပါပါတယ်။ ယာယီရပ်နားတာပါ”ဟု ၎င်းကပြောသည်။

ကိုလိုနာဗိုင်းရပ်စ်ရောဂါကို ကာကွယ်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ မတ် ၂၉ ရက်နေ့ ရေယာဉ်လိုင်း များအပေါ် ခရီးသည်တစ်ဦးနှင့် တစ်ဦ ၃ ပေအကွာလိုက်ရန်၊ ရေယာဉ်လိုင်းစစ်ဆေးရေး အဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့ပေါင်းပြီး စစ်ဆေးမှုများပြုလုပ်နေသလို တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားချက်များကို သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့များထံ ညွှန်ကြားထားကြောင်း သိရသည်။

ချင်းတွင်းမြစ်အတွင်း မုံရွာမြို့နှင့်အထက် ဟုမ္မလင်းမြို့အထိ ကုန်တင်ရေယာဉ် အသင်း ၁၈ အသင်း၊ အစီးရေ ၅၀ ကျော်နှင့် အမြန်ရေယာဉ် အသင်း ၁၀ အသင်းနှင့်အစီးရေ ၁၀၀ ကျော်ရှိကြောင်း မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များစနစ်တကျ ပြေးဆွဲရေးကော်မတီထံမှ သိရသည်။

သူရိယထက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။