Trending Now

မိုးညှင်းမြို့နယ်တွင် ငွေကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

မိုးညှင်းမြို့နယ်တွင် ငွေကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား ၊ ဇွန် ၂၃

ကချင်ပြည်နယ် ၊မိုးညှင်းမြို့ အောင်သပြေ(၂)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ငွေကျပ်သိန်း ၂၇၅ သိန်းတန်ဖိုးရှိ မှုးယစ်ဆေးဝါးများကို ယမန်နေ့ ညနေပိုင်းက သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဇွန်လ ၂၂ ရက်နေ့ ညနေ ၃နာရီခွဲအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မိုးညှင်းမြို့၊ အောင်သပြေ(၂)ရပ်ကွက်နေ မနမ်နော် ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မဂျာမိုင် အားတွေ့ရှိပြီး နေအိမ်အတွင်းမှ ဘိန်းဖြူအလေးချိန် ၁.၁ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၇၅ သိန်း)အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်ပြီး ဖမ်းဆီးရမိသူ မနမ်နော် (၅၃)နှစ် နှင့် မဂျာမိုင် (၂၈) နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။