Trending Now

ပူတာအိုမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်ရေး Hand Speaker များဖြင့် လိုက်လံအသိပေးနိူးဆော်

Spread the love

ပူတာအိုမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်ရေး Hand Speaker များဖြင့် လိုက်လံအသိပေးနိူးဆော်

EPN
ပူတာအို၊ မတ် ၂၉

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဖွဲ့စည်းကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ အသိပညာပေး နိူးဆော်ခြင်း လုပ်ငန်းများကို မတ် (၂၈)ရက် ညပိုင်းက မြို့ပေါ် ရပ်ကွက်များသို့ သုံးဘီးဆိုင်ကယ်ဖြင့်လှည့်လည်ကာ Hand Speaker ဖြင့်လိုက်လံ အသိပေးနိူးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးနိူးဆော်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင်ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနနှင့် ပြည် နယ်အစိုးရအဖွဲ့တို့က Covid-19 ရောဂါကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် ပြည်သူများလိုက်နာဆောင်ရွက် ရမည့်ထုတ်ပြန်ချက်များ၊ ပြည်သူများသို့ပန်ကြားချက်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၏ မတ်(၂၈)ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာထားသော Covid-19 ရောဂါကြိုတင်ကာကွယ်ရေး ဒေသန္တရအမိန့်ထုတ်ပြန်ချက် များကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ စီစဉ်မှုဖြင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးမိုးနိုင်၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်တာဝန်ခံ ဦးစောနွဲ့နေအောင်တို့နှင့် ပူးပေါင်း အဖွဲ့များက မြို့ပေါ်ရပ်ကွက်လမ်းများတလျောက် Hand Speaker များဖြင့် တိုက်တွန်းနိူးဆော်ခဲ့ကြ သည့်အပြင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို အဆိုပါလမ်းတလျောက်ရှိ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။