Trending Now

စစ်ကိုင်းတိုင်းထဲက မြို့ပေါင်း ၃၀ ကျော် မိုလ်ဘိုင်း အင်တာနက်လိုင်းတွေ သုံးစွဲမရဖြစ်နေ

Spread the love

စစ်ကိုင်းတိုင်းထဲက မြို့ပေါင်း ၃၀ ကျော် မိုလ်ဘိုင်း အင်တာနက်လိုင်းတွေ သုံးစွဲမရဖြစ်နေ

EPN
မုံရွာ၊ မတ် ၆

စစ်ကိုင်းတိုင်းထဲက မြို့ပေါင်း ၃၀ ကျော်ဟာ အခုလ ၃ ရက် အစောပိုင်းကစလို့ မိုလ်ဘိုင်း အင်တာနက်လိုင်းတွေ သုံးစွဲမရဖြစ်နေတယ်လို့ အင်တာနက်အသုံးပြုသူတွေဆီက သိရပါတယ်။

” ဖုန်းဆင်းကဒ် အင်တာနက်လိုင်းတွေ အားလုံးပျက်ေနတာ ” လို့ တန့်ဆည်မြို့ခံ အင်တာနက်သုံးစွဲသူ တစ်ယောက်က ပြောပါတယ်။

မိုလ်ဘိုင်း အင်တာနက်လိုင်းတွေ သုံးစွဲမရ ဖြစ်နေတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ဆက်သွယ်ရေး ဌာန နဲ့ နီးစပ်သူ တစ်ယောက် ပြောတာက

” စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃၇ မြို့နယ်အနက် ၊ စစ်ကိုင်း ၊ ရွှေဘို ၊ မုံရွာ ၃ မြို့နယ်ကတော့ Mytel နဲ့ MPT မိုဘိုင်း အင်တာနက်တချို့ ရသေးတယ် ၊ ကျန်မြို့နယ်အားလုံး Internet Plan to Lock လုပ်ထားတာပါ ၊ Un lock လေးမြို့နယ် ပါတယ် ” လို့ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့ မိုလ်ဘိုင်း ပလန် အင်တာနက်တွေ သုံးစွဲမရ ဖြစ်နေတာနဲ့ ပတ်သက်လို့ မြို့နယ်တွေကို EPN က ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ကြည့်တဲ့အခါ ခန္တီး ၊ ဟုမ္မလင်း ၊ လဟယ် ၊ ဖောင်းပြင် ၊ မော်လိုက် ၊ ကလေးဝ ၊ တမူး ၊ ကလေး ၊ ကသာ ၊ထီးချိုင့် ၊ ဗန်းမောက် ၊ ပင်လည်ဘူး ၊ ကောလင်း ၊ ဝန်းသို ၊ ကန့်ဘလူ ၊ ကျွန်းလှ ၊ ဝက်လက် ၊ ရေဦး ၊ တန့်ဆည် ၊ ခင်ဦး ၊ ဒီပဲယင်း ၊ ချောင်းဦး ၊ ကနီ ၊ ဆားလင်းကြီး ၊ ပုလဲ ၊ ယင်းမာပင် ၊ အရာတော် ၊ လုတလင် စတဲ့ မြို့နယ်တွေမှာတော့ မိုဘိုင်း အင်တာနက် လုံးဝသုံးစွဲ မရဘူးလို့ သိရပြီး Un lock ဖြစ်တဲ့ မြို့နယ်တွေမှာလည်း mytel နဲ့ mpt တချို့သာ ရရှိပြီး ကျန်ဆင်းကဒ်တွေ သုံးမရဘူးလို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။