Trending Now

တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် အရေးပေါ်အခြေအနေ ကြေညာ

Spread the love

တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် အရေးပေါ်အခြေအနေ ကြေညာ

EPN
နိုင်ငံတကာ၊ ဇွန် ၁၄

တရုတ်နိုင်ငံ၏ တောင်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် အရေးပေါ်အခြေအနေ တုံ့ပြန်ခြင်းဆိုင်ရာ အဆင့် ၃ အဖြစ် ရေအရင်းအမြစ်ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။

ပုလဲမြစ်ဝှမ်းတွင် ဇွန် ၁၃ ရက်မှ ၁၅ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမည်ဖြစ်ကြောင်းနှင့် ရှင်ဂျန်း ၊ဘေဂျင်း နှင့် ဟန် မြစ်အပါအဝင် တရုတ်နိုင်ငံ အဓိကမြစ်များ၏ ရေလယ်ဗယ်အမှတ်များမြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

ကနဦးတွင် အရေးပေါ်တုံပြန်ခြင်း အဆင့်၄ အဖြစ်သတ်မှတ်ခဲ့သော်လည်း စိုးရိမ်ဖွယ်ရာ မြစ်ရေမြှင့်တက်မှုကြောင့် အရေးပေါ်အဆင့် ၃ အဖြစ် တိုးမြှင့် သတ်မှတ်ခဲ့ရသည်။

တရုတ်နိုင်ငံတွင် ရေကြီးရေလျှံမှု ထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်ရေးစနစ်အား အဆင့် ၄ ဆင့်သတ်မှတ်ထားပြီး အဆင့်-၁ မှာအပြင်းထန်ဆုံးဖြစ်သည်။

လက်ရှိ ဝန်ကြီးဌာနအနေဖြင့် ရေကြီးရေလျှံမှု ထိန်းချုပ်ရေးလုပ်ငန်း လမ်းညွှန်ရန် ကွမ်ရှီးနှင့် ကွမ်တုန်း ဒေသများသို့ အရေးပေါ် အလုပ်အဖွဲ့များ စေလွှတ်ခဲ့ကြောင်း သိရသည်။

Source – xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။