Trending Now

သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူ

Spread the love

သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူ

EPN
မြစ်ကြီးနား၊ မေ ၂၆

သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသသည် မေလ ၂၅ ရက်နေ့ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သာသနာရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ဆရာတော်ကြီးသည် မန္တလေးမြို့၊ မဟာအောင်မြမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ရင်း ပြည်တွင်း၊ ပြည်ပ သာသာနာပြုတာဝန်များကို အားကြိုးမာန်တက် ဆောင်ရွက်တော်မူရာမှ သက်တော်၉၄နှစ်၊ သိက္ခာတော်၇၄ ဝါ အရ ၂၀၂၃ ခုနှစ် မေလ ၂၅ ညဉ့် ၁၁ နာရီ ၁၁ မိနစ်တွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

ဆရာတော်ကြီးသည် အသည်းရောဂါနှင့် အစာပြွန်ရောဂါတို့ကို ခံစားခဲ့ရတာကြောင့် ပြီးခဲ့သည့် မတ်လအတွင်းက ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် သွားရောက် ဆေးကုသမှု ခံယူခဲ့ပြီး ဧပြီလတွင် ကျန်းမာရေးအခြေအနေ တိုးတက်လာသည့်အတါက် မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ကာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်တွင် သီးတင်းသုံးနေထိုင်စဉ် ပျံလွန်တော်မှုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော်ဘုရားကြီးကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တောင်သာမြို့နယ် ရဘဲကျေးရွာ ခမည်းတော် ဦးဘိုးသစ်၊ မယ်တော် ဒေါ်အေးသိုက်တို့မှကောဇာသက္ကရာဇ် ၁၂၉၁ ခုနှစ်၊တော်သလင်းလဆန်း(၁၄)ရက်၊တနင်္လာနေ့၊ခရစ်သက္ကရာဇ် ၁၉၂၉ ခုနှစ် စက်တင်ဘာလ ၁၆ရက်တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းရှစ်ယောက်ရှိရာတွင် စတုတ္ထမြောက်သားရတနာဖြစ်ပြီး ငယ်နာမည်မှာ မောင်ကျော်စိန် ဖြစ်သည်။

ဆရာတော်ဦးကုမာရာဘိဝံသသည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ဦးဖြစ်ကာ လက်ရှိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဥက္ကဋ္ဌဆရာတော်ဖြစ်သည်၊ (နဝမမြောက်) ဗန်းမော်ဆရာတော်ဟူ၍လည်း သိရှိကြသည်။ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် တွင်လည်း ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။