Trending Now

နောင်ချိုမြို့တွင် ‌‌ ငွေကျပ် သိန်းသုံးရာကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

Spread the love

နောင်ချိုမြို့တွင် ‌‌ ငွေကျပ် သိန်းသုံးရာကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဧပြီ ၃ (၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်း၊လနောင်ချိုမြို့တွင် ငွေကျပ် သိန်းသုံးရာကျော် တန်ဖိုးရှိ ဘိန်းဖြူများကို ဧပြီလ ၁ရက်နေ့၊ ညနေ ၄နာရီကျော်လအချိန်ခန့်က ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ နောင်ချိုမြို့အ၀င်၊ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မူးယစ်သတင်းအရ စိုင်းဖြိုးမင်းနိုင် မောင်းနှင်ပြီး စိုင်းမြထွေးနှင့် မခင်နွယ်ကြည် တို့လိုက်ပါလာသည့် TOYOTA LANDCRUISER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူ အလေးချိန် ၂ ဒဿမ ၂ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၃၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ စိုင်းဖြိုးမင်းနိုင် (၂၈)နှစ်၊ စိုင်းမြထွေး (၂၈)နှစ်နှင့် မခင်နွယ်ကြည် (၂၀)နှစ်တို့အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး၊ ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။