Trending Now

ကျပ်သိန်း ၃၅၀ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

Spread the love

ကျပ်သိန်း ၃၅၀ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

EPN
မိုးကောင်း၊ မေ ၁၇

မိုးကောင်းမြို့နယ် ကညင်မြိုင်ကျေးရွာအဝင်တွင် ကျပ်သိန်း ၃၅၀ သိန်း ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယနေ့ မေ ၁၇ ရက် ညနေ ၅ နာရီအချိန်ခန့်က ဖမ်းဆီးရမိကြောင်း မိုးကောင်းမြို့မရဲစခန်းမှသိရသည်။

မိုးညှင်းမူးယစ်တပ်ဖွဲ့(၃)မှ ရဲအုပ် နေလင်းထွန်းဦးစီးတပ်ဖွဲ့ဝင်များ၊ မိုးကောင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် စိုးသန်းဦး ဦးစီးတပ်ဖွဲ့ဝင်များနှင့်သက်‌သေများသည် မူးယစ်သတင်းအရ မိုးညှင်း-မြစ်ကြီးနားသွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စောင့်ဆိုင်းနေစဉ် မိုးညှင်းမြို့ဘက်မှ မိုးကောင်းမြို့ဘက်သို့လာသည့် KENBO-125 တစ်စီးကို ရပ်တန့်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မိုးညှင်းမြို့နေ ကျော်မောင်(ခ‌)မောင်မောင် မောင်းနှင်၍ အောင်ဝင်းဦး လိုက်ပါလာသော ယင်း အစိမ်းရောင်ဆိုင်ကယ်ကို မိုးကောင်းမြို့နယ် ကညင်မြိုင်ကျေးရွာအဝင်တွင် ရပ်တန့်ရှာဖွေစစ်ဆေးရာ နောက်ထိုင်အောင်ဝင်းဦးလက်တွင်းကိုင်ဆောင်လာသော အဝါရောင်ဆာလာအိတ်အတွင်း ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့်ဘိန်းဖြူဟု ယူဆရ‌သော ဖြူ/ဝါမှုန့်ပါ တစ်ခွက်လျှင် (၁၀)ဂရမ်ပါ ဆပ်ပြာခွက် (၄၄)ခွက် (၄၄၀)ဂရမ်ကိုသက်သေများတွင်ရှေ့‌ ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိုးကောင်းမြို့မရဲစခန်းမှ ကျော်မောင်(ခ‌)မောင်မောင် ၄၀ နှစ် နှင့် အောင်ဝင်းဦး ၂၃ နှစ်တို့ကို မယ(ပ) ၂၄/၂၀၂၀ မူးယစ်ပုဒ်မ ၁၉(က)/၂၁ ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။