Trending Now

G7 ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားမှုကို ဂျာမနီအဓိပတိ ပယ်ချ

Spread the love

G7 ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားမှုကို ဂျာမနီအဓိပတိ ပယ်ချ

EPN
နိုင်ငံတကာ၊ မေ ၃၀

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အဆိုပြုခဲ့သည့် G7 ခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲသို့ ဂျာမနီဝန်ကြီးချုပ် အိန်ဂျယ်လာမာကယ်လ် တက်ရောက်မည်မဟုတ်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ယခုနှစ်အတွက် အမေရိကန်နိုင်ငံက ဉီးဆောင်သည့် G7 အဖွဲ့ဝင် ခေါင်းဆောင်များကို ဇွန်လေနှောင်းပိုင်း တွင် ဗွီဒီယိုကွန်းဖရင့်ဖြင့် တွေ့ဆုံရန် စီစဉ်ခဲ့သည်။ G7 ထိပ်သီးဆွေးနွေးပွဲကို အိမ်ဖြူတော်နှင့် တစ်စိတ်တစ်ဒေသ ကို ဒေးဗစ်စခန်း၌ ကျင်းပနိုင်ကြောင်း ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်အပတ်အတွင်း ရိုးတိုးရိပ်တိပ်ပြောခဲ့သည်။

“ကပ်ရောဂါအခြေအနေ အလုံးစုံထည့်သွင်းစဉ်းစားပြီး ဝါရှင်တန်မြို့ကို သွားရောက်မယ့်ခရီးစဉ်မှာ ပါဝင် ဖို့ ဝန်ကြီးချုပ် မာကယ်လ်က သဘောမတူပါဘူး။ ဝန်ကြီးချုပ် မာကယ်လ်က G7 ထိပ်သီးအစည်းအဝေး တက် ရောက်ဖို့ ဖိတ်ကြားတဲ့အတွက် သမ္မတ ထရမ့်ကို ကျေးဇူးတင်ပါတယ်” ဟု ဂျာမနီအစိုးရက ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်ဆီဘတ်က ပြောကြားခဲ့သည်။

အသက် ၆၅ နှစ်အရွယ် မာကယ်လ်က အသက် ၇၃ နှစ်အရွယ်ရှိ ဒေါ်နယ်ထရမ့်ပြီးလျင် အသက်ကြီးဆုံး G7 ခေါင်းဆောင်ဖြစ်သည်။ အသက် ၆၅ နှစ်အရွယ် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မာကယ်လ်ထက် လပေါင်း များစွာငယ်သည်။ ၄င်းတို့၏ အသက်အရွယ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရစေနိုင်သည့် အန္တရာယ်ရှိကြောင်း သိရ သည်။

ကမ္ဘာ့ခေါင်းဆောင်များက အပြုသဘောဆောင်သော တုံ့ပြန်မှုများ ပြောကြားခဲ့စဉ် မာကယ်လ်က G7 ထိပ် သီးဆွေးနွေးပွဲသို့ လူကိုယ်တိုင်တက်ရောက်ရန် ပထမဆုံး ငြင်းဆန်သူဖြစ်သည်။ ထရမ့်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့က အနာဂတ်တွင် လူကိုယ်တိုင်တက်ရောက်သည့် G7 ထိပ်သီးဆွေးနွေးပွဲကျင်းပမှု၏ အရေးပါ မှုကို သဘောတူခဲ့ကြောင်း အိမ်ဖြူတော်က အစောပိုင်းတွင် ပြောကြားခဲ့သည်။

ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒေါ၊ ပြင်သစ်သမ္မတ အီမန်နျုရယ်မေခရွန်နှင့် ဉရောပကောင်စီ အကြီး အကဲ ချားလ်မိုက်ကယ်တို့က ကျန်းမာရေးကောင်းမွန်လျင် G7 ထိပ်သီးဆွေးနွေးပွဲသို့ လူကိုယ်တိုင်တက်ရောက် မည်ဟု ပြောကြားခဲ့သည်။

–ကိုးကား–
သည်တိုင်းမ်အော့အစ္စရေး
Merkel said to reject Trump’s invite for in-person G7 summit


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။