Trending Now

ကခ်င္ျပည္နယ္တြင္ မူးယစ္ေဆးဝါးကင္းစင္ေရးအတြက္ ရည္မွန္းခ်က္ထားၿပီး ေဆာင္ရြက္ေနဟု ဝန္ႀကီးခ်ဳပ္ဆို

Spread the love

ကခ်င္ျပည္နယ္တြင္ မူးယစ္ေဆးဝါးကင္းစင္ေရးအတြက္ ရည္မွန္းခ်က္ထားၿပီး ေဆာင္ရြက္ေနဟု ဝန္ႀကီးခ်ဳပ္ဆို

EPN
ျမစ္ႀကီးနား၊ မတ္ ၂၇

ကခ်င္ျပည္နယ္ အစိုးရအေနျဖင့္ တာဝန္ယူခ်ိန္ကာလမွ ယေန႔အခ်ိန္အထိ  ျပည္နယ္အတြင္း မူးယစ္ေဆးဝါးကင္းစင္ေရးအတြက္ ရည္မွန္းခ်က္ထား ေဆာင္ရြက္ေနေၾကာင္း ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္က ေျပာဆိုသည္။

“ကၽြန္ေတာ္တို႔ တစ္မ်ိဳးသားလံုးကို အႏၱရာယ္ျပဳေနတဲ့ မူးယစ္ေဆးဝါးပေပ်ာက္ေရးကို တာဝန္ယူတဲ့အခ်ိန္ကစၿပီး ျပည္နယ္အတြင္း တတ္ႏိုင္သေလာက္  ႏွိမ္နွင္း ဖမ္းဆီး တားစီးၿပီး ေဆာင္ရြက္ခဲ့ပါတယ္ ေနာက္ပိုင္းမွာလည္း ညႊန္ၾကားခ်က္ေတြ ထုတ္ၿပီး တားဆီး အေရးယူတာေတြရွိပါတယ္” ဟု ၎က ေျပာသည္။

ထိုသို႔ ရည္မွန္းခ်က္ထား ေဆာင္ရြက္ခဲ့မႈေၾကာင့္ ၃ ႏွစ္တာကာလအတြင္း မူးယစ္ေဆးဝါးႏွင့္ ပတ္သက္သည့္ တရားခံေပါင္း ၈၇၆၅ဦး ဘိန္းျဖဴ ၁သိန္း၅ေသာင္း ဂရမ္၊ ဘိန္းမဲ ၁သိန္း၈ေသာင္းဂရမ္၊  စိတ္ၾကြေဆးျပား ၄၇ သိန္းေက်ာ္၊ ဘိန္းခင္းဖ်က္စီးမႈ ဧကေပါင္း  ၅၅၀ေက်ာ္၊ စုစုေပါင္း ကာလတန္ဖိုး ၁၅၇ ဒႆမ ၉၂ ဘီလီယံခန္႔ ကို ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္ထံမွ သိရသည္။

ကခ်င္ျပည္နယ္တြင္ မူးယစ္ေဆးဝါးကင္းစင္ေရးအတြက္ ျပည္နယ္အစိုးရအဖြဲ႔က ရည္မွန္းခ်က္ထား ေဆာင္ရြက္ေနေသာ္လည္း  လက္ရွိအခ်ိန္ထိ တရားရံုးမ်ားတြင္ အမ်ားဆံုးစြဲဆိုတဲ့အမႈမ်ားမွာ မူးယစ္ေဆးဝါးအမႈျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ တစ္ႏွစ္တာအတြင္း ၂၃၇၀မႈ ခန္႔ ရွိေၾကာင္း ကခ်င္ျပည္နယ္တရားလႊတ္ေတာ္ထံမွ သိရသည္။

သက္ပိုင္
—————————————————————
ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေဟု ဝန်ကြီးချုပ်ဆို

EPN
မြစ်ကြီးနား၊ မတ် ၂၇

ကချင်ပြည်နယ် အစိုးရအနေဖြင့် တာဝန်ယူချိန်ကာလမှ ယနေ့အချိန်အထိ  ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောဆိုသည်။

“ကျွန်တော်တို့ တစ်မျိုးသားလုံးကို အန္တရာယ်ပြုနေတဲ့ မူးယစ်ဆေးဝါးပပျောက်ရေးကို တာဝန်ယူတဲ့အချိန်ကစပြီး ပြည်နယ်အတွင်း တတ်နိုင်သလောက်  နှိမ်နှင်း ဖမ်းဆီး တားစီးပြီး ဆောင်ရွက်ခဲ့ပါတယ် နောက်ပိုင်းမှာလည်း ညွှန်ကြားချက်တွေ ထုတ်ပြီး တားဆီး အရေးယူတာတွေရှိပါတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့မှုကြောင့် ၃ နှစ်တာကာလအတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် တရားခံပေါင်း ၈၇၆၅ဦး ဘိန်းဖြူ ၁သိန်း၅သောင်း ဂရမ်၊ ဘိန်းမဲ ၁သိန်း၈သောင်းဂရမ်၊  စိတ်ကြွဆေးပြား ၄၇ သိန်းကျော်၊ ဘိန်းခင်းဖျက်စီးမှု ဧကပေါင်း  ၅၅၀ကျော်၊ စုစုပေါင်း ကာလတန်ဖိုး ၁၅၇ ဒဿမ ၉၂ ဘီလီယံခန့် ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ထံမှ သိရသည်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ရည်မှန်းချက်ထား ဆောင်ရွက်နေသော်လည်း  လက်ရှိအချိန်ထိ တရားရုံးများတွင် အများဆုံးစွဲဆိုတဲ့အမှုများမှာ မူးယစ်ဆေးဝါးအမှုဖြစ်ပြီး ၂၀၁၈ ခုနှစ် တစ်နှစ်တာအတွင်း ၂၃၇၀မှု ခန့် ရှိကြောင်း ကချင်ပြည်နယ်တရားလွှတ်တော်ထံမှ သိရသည်။

သက်ပိုင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။