Trending Now

အီတလီတွင် ယမန်နေ့က ကိုဗစ်-၁၉ ကြောင့် ၇၄၃ ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၆၈၀၀ ကျော်ရှိလာ

Spread the love

အီတလီတွင် ယမန်နေ့က ကိုဗစ်-၁၉ ကြောင့် ၇၄၃ ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၆၈၀၀ ကျော်ရှိလာ
 

EPN
နိုင်ငံတကာ မတ် ၂၅

အီတလီနိုင်ငံတွင် ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၇၄၃ ဦး ထပ်မံသေဆုံးခဲ့ပြန်ရာ တစ်ရက်အတွင်း ဒုတိယမြောက် လူအများဆုံးသေဆုံးမှု ဖြစ်လာခဲ့ပြီး သေဆုံးသူစုစုပေါင်း ၆၈၂၀ ဦးအထိ မြင့်တက်လာ ခဲ့သည်။

အီတလီနိုင်ငံ၌ ပြီးခဲ့သော တနင်္ဂနွေနှင့် တနင်္လာနေ့များတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်း ကျဆင်း ခဲ့ခြင်းကြောင့် ကျန်းမာရေးလုပ်သားများအတွက် မျှော်လင့်ချက်ကောင်းမွန်လာခဲ့သော်လည်း ယခုတစ်ဖန် သေဆုံး မှုနှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

တရုတ်နှင့် အီတလီပြီးလျင် အမေရိကန်နိုင်ငံမှာ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကူးစက်မှုအမြင့်ဆုံး တိုင်းပြည် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးခဲ့သည်။

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှု အ ကြီးမားဆုံးခံရနိုင်သည့် တိုင်းပြည်ဖြစ်လာနိုင် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးခဲ့သည်။ အမေရိကန်နိုင်ငံတွင် လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၄၈၀၈ ဦးရှိပြီး သေဆုံးသူ ၇၇၅ ဦးအ ထိ ရှိသည်။

ယမန်နေ့တစ်ရက်အတွင်း ကိုဗစ်-၁၉ ကြောင့် ကူးစက်လူနာ ၁၆၃ ဦး သေဆုံးခဲ့ပြီး အမေရိကန်နိုင်ငံရှိ ပြည်နယ်အများစုကို နှစ်ပတ်ကြာ အဝင်၊အထွက်ပြုလုပ်ခွင့် ပိတ်ပင်ခဲ့သည်။

အိန္ဒိယနိုင်ငံက ၂၁ ရက်ကြာ အဝင်၊အထွက်ပြုလုပ်ခွင့် ပိတ်ပင်ကြောင်းကြေညာခဲ့ချိန်တွင် ကမ္ဘာ့မီဒီယာ များက ခေါင်းကြီးသတင်းတွင် ဖော်ပြခဲ့ကြသည်။

ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံကျော်ကို ကိုဗစ်-၁၉ ကြောင့် အသွား၊အလာပြုလုပ်ခွင့် ပိတ်ပင်ထားပြီး ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၂၂၆၁၃ ဦးရှိကာ ၁၈၈၉၁ ဦး သေဆုံးခဲ့ပြီး ၁၀၈၈၇၉ ဦးကို ကုသ ပေးနိုင်ခဲ့သည်။

–ကိုးကား–အမ်ဘီအက်စ်နယူးစ်
Ref; Italy Daily Death Toll Rises Again, 743 Dead in 24 Hours-WHO Warns US


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။