Trending Now

ရာထူး ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ယူမယ်လို့ ပြောကြား

Spread the love

ရာထူး ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ယူမယ်လို့ ပြောကြား

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၆

ဝန်ကြီးချုပ်ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက သူ့ရဲ့ဝန်ကြီးချုပ် သက်တမ်းကန့် သတ်ချက်ကို တရားရုံးတော်မှာ ပြန်လည်သုံးသပ်နေစဉ်မှာ ပထမဆုံးတိုက်ရိုက် ပြောကြားတဲ့ မိန့်ခွန်း
အတွင်း သူဟာ ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ယူထမ်းဆောင်သွားမယ်လို့ ဆိုရှယ်မီဒီ ယာကတဆင့် ပြောကြားခဲ့ပါတယ်။

“ပြည်သူနဲ့ ထိုင်းနိုင်ငံအတွက် ကာကွယ်ရေးဝန်ကြီးအဖြစ် ကျွန်တော့်ရဲ့ တာဝန်တွေကို နေ့စဉ် ဆက်လက်ထမ်းဆောင်သွားမှာပါ” လို့ ပရာယွတ်က သူ့ရဲ့ တွစ်တာစာမျက်နှာပေါ် သြဂုတ်လ ၂၅ ရက်နေ့ နှောင်းပိုင်းမှာ
ရေးသားဖော်ပြခဲ့တာပါ။

တရားရုံးကနေ အမိန့်ချလိုက်တဲ့ ဝန်ကြီးချုပ် ရာထူးကနေ ပရာယွတ် ချန်အိုချာကို ဆိုင်းငံ့ထားချိန်မှာ ယာယီဝန်ကြီးချုပ်အဖြစ် ဒုတိယဝန်ကြီး လက်ထောက်ဝန်ကြီး ဝေါင်ဆူဝမ်က တာဝန်ထမ်းဆောင်နေပါတယ်။

၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှစတင်ပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့နှစ်ဟာ ၈ နှစ် တင်းတင်းပြည့်သွားပြီဖြစ်တဲ့ ပရာယွတ်ကို အတိုက်အခံပါတီက ရာထူးကနေ နှုတ်ထွက်ပေးဖို့အတွက်
အခြေခံဥပဒေတရားရုံးကို အသနားခံစာတင်သွင်းခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ် သက်တမ်းကို ၈ နှစ်အထိ ကန့်သတ်ထားတာဖြစ်တဲ့အတွက် တရားသူကြီးတွေက ဝန်ကြီးချုပ်ကို ရာထူးကနေ လာမယ့် စက်တင်ဘာလအထိ ဆိုင်းငံလိုက်ပါတယ်။

ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် ဆက်လက်ထမ်းဆောင့်ခွင့်ပြုမပြုဆိုတာကိုတော့ စက်တင်ဘာလထဲမှာ အပြီးသတ်ကြေညာချက်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

Source – ရိုက်တာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။