Trending Now

ထိုင်းအမျိုးသားတစ်ဦး ဘုရင်ကို လှောင်ပြောင်မှုနဲ့ ထောင်ဒဏ် ၂ ချမှတ်ခံရ

Spread the love

ထိုင်းအမျိုးသားတစ်ဦး ဘုရင်ကို လှောင်ပြောင်မှုနဲ့ ထောင်ဒဏ် ၂ ချမှတ်ခံရ

EPN
နိုင်ငံတကာ၊ မတ် ၈

ထိုင်းဘုရင်ကို လှောင်ပြောင်သရော်တဲ့ အဝါရောင်ဘဲ ကာတွန်းတွေ ပါဝင်တဲ့ ပြက္ခဒိန်ကို ရောင်းချမှုနဲ့ အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ တရားရေးဆိုင်ရာ အဖွဲ့က ပြောပါတယ်။

တွန်မိုင်လို့ အမည်ပြောင်ပေးထားတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားကို ထိုင်းနိုင်ငံရဲ့ ဘုန်းအာနုဘော် ဥပဒေအရ စွဲချက်တင်ပြီး ဘန်ကောက် တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့လိုက်တာဖြစ်ပါတယ်။

သူရောင်းချခဲ့တဲ့ ၂၀၂၁ ခုနှစ် ပြက္ခဒိန်မှာ ထိုင်းဘုရင်ကို လှောင်ပြောင်ထားတဲ့ ဘဲပုံကာတွန်းတွေ ပါရှိခဲ့တဲ့အတွက် ဘုရင်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်လို့ ထိုင်းရှေ့နေအဖွဲ့က ပြောပါတယ်။

အဝါရောင် ရော်ဘာဘဲရုပ်တွေဟာ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီအရေး ဆန္ဒပြလှုပ်ရှားမှုတွေမှာ ထိုင်းဘုရင်ကို လှောင်ပြောင်ဖို့အတွက် အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

ဘုရင်၊ မိဖုရား၊ နန်းမွေဆက်ခံသူ ဒါမှမဟုတ် အစိုးရကို အသရေဖျက်မှု၊ စော်ကားမှု၊ ခြိမ်းခြောက်သူ ဘယ်သူကိုမဆို ထောင်ဒဏ် ၃ နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်နိုင်ပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလက စတင်ပြီး အနည်းဆုံး လူ ၂၃၃ ဦးဟာ ထိုင်းဘုရင်ကို အသေရေဖျက်မှုနဲ့ စွဲချက်တင်ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေအဖွဲ့က ပြောပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။