Trending Now

မြစ်ကြီးနားမြို့တွင် တစ်ညအတွင်း ခြံဝိုင်းတစ်ခုထဲမှ ဆိုင်ကယ် ၃စီး တစ်ပြိုင်နက် ခိုးယူမှုဖြစ်ပွား

Spread the love

မြစ်ကြီးနားမြို့တွင် တစ်ညအတွင်း ခြံဝိုင်းတစ်ခုထဲမှ ဆိုင်ကယ် ၃စီး တစ်ပြိုင်နက် ခိုးယူမှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၂ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ မြို့သစ်ကြီး ရပ်ကွက်တွင် ယနေ့ ဖေဖော်ဝါရီလ ၂၂ရက်နေ့၊ နံနက် ၃ နာရီခန့်က ခြံဝိုင်းတစ်ခုအတွင်းရှိ ဆိုင်ကယ် ၃စီး တစ်ပြိုင်နက် ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၃ နာရီ လူအများ အိပ်ပျော်နေချိန် ခြံဝန်းအတွင်း ခတ်ထားသည့် သော့ကိုဖျက်ကာ လူငယ် ၄ ဦးမှ ဆိုင်ကယ် ၃ စီးကို ဝင်ရောက်ကာ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း အနီးအနားရှိ ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

” ၃ နာရီလောက်ကြီးမှာ လူငယ်၂ ဦးရောက်လာပြီး ဝန်းတံခါးက သော့ကို အချိန်ပေးပြီး သေချာဖျက်တယ်။ ပြီးတော့ ပထမတစ်စီးကို ခိုးတယ်။ မကြာဘူး နောက် ၁၅ မိနစ်လောက်နေတော့ ပထမခိုးတဲ့ တစ်ယောက်အပါအဝင် လူငယ် ၃ ယောက် ထပ်ရောက်လာတယ်။ ခုနက ဖျက်ထားတဲ့ တံခါးကနေပဲ ဝင်ပြီး နှစ်စီးထပ်ခိုးသွားတယ်။ ဒီလို လုပ်နေတဲ့ သူတွေက အုပ်စုဖွဲ့ပြီး လုပ်နေကြတာ ဖြစ်နိုင်တယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ခိုးယူခံရသည့် ဆိုင်ကယ်များမှာ ၁၂၅ အမျိုးအစားဖြစ်ကာ ခိုးယူသူများကို ဖမ်းဆီးမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ မြစ်ကြီးနားမြို့ မြို့ပေါ်ရပ်ကွက်များတွင် မကြာခဏ အိမ်ဖောက်ကာ ပစ္စည်းခိုးယူသည့်ဖြစ်စဥ်များ ဖြစ်ပွားခဲ့ပြီး၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း ရွှေညောင်ပင်ရပ်ကွက်တစ်ခုအတွင်း ညအချိန်အိမ်ဖောက်ကာ ဆိုင်ကယ် ၂ စီး ခိုးယူခံရသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။