Trending Now

ထိုင်းနိုင်ငံမှာ ရေလှောင်ကန် သန့်ရှင်းရေးလုပ်နေတဲ့ မြန်မာလုပ်သား ဓာတ်လိုက်သေဆုံး

Spread the love

ထိုင်းနိုင်ငံမှာ ရေလှောင်ကန် သန့်ရှင်းရေးလုပ်နေတဲ့ မြန်မာလုပ်သား ဓာတ်လိုက်သေဆုံး

EPN
နိုင်ငံတကာ၊ မတ် ၂၃

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လတ်ချဒါ ၉ ထပ်တိုက်အပေါ်ဆုံးထပ်က ရေလှောင်ကန်ကို သန့်ရှင်းရေးလုပ်နေရင်း မြန်မာလုပ်သားတစ်ဦးနဲ့ ထိုင်းလုပ်သားတစ်ဦး ဓာတ်လိုက်သေဆုံး ခဲ့တယ်လို့ ထိုင်းသတင်းဌာနတစ်ခုမှာ မနေ့က ဖော်ပြထားပါတယ်။

သူတို့နှစ်ယောက်ဟာ ရေကန်ကို ပုံမှန်အတိုင်း သန့်ရှင်းရေးပြုလုပ်ဖို့ တက်သွားခဲ့ကြပြီး အချိန်ကြာလာတဲ့အထိ ပြန်ဆင်းမလာလို့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် ထိုင်းလုပ်သားတစ်ဦးက တက်ကြည့်ရာမှာ ရေကန်ထဲမှာ ဓာတ်လိုက်သတိလစ်နေတဲ့သူတို့ နှစ်ဦးကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် လုပ်ဖော်ကိုင်ဖက်က မီးကြိုးကိုဖြတ်ဖို့ အရေးပေါ်ဆင်းသက်ခဲ့ရပြီး တစ်ခြားလုပ်ဖော်ကိုင်ဖက်တွေကို ခေါ်ယူကာ အကူအညီပေးဖို့ကြိုးစားခဲ့ပေမယ့် ရဲတွေရောက်ရှိလာချိန်မှာတော့ ရေကန်ကိုသန့်ရှင်းရေးဝင်ရောက်ပြုလုပ်ခဲ့တဲ့ မြန်မာလုပ်သားနဲ့ ထိုင်းလုပ်သားတို့ သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသူ နှစ်ဦးဟာ ရေလှောင်ကန်သန့်ရှင်းရေး ပုံမှန်လုပ်နေကျသူတွေဖြစ်ပြီး အရင်က အခုလိုမျိုး မကြုံဖူးကြောင်း လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။

လုပ်ငန်းခွင်မှာ သူတို့အသုံးပြုခဲ့တဲ့ စက်ပစ္စည်းတွေမှာတော့ ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ပေမယ့် ရေသန့်စင်စက် ၁ လုံးနဲ့ ရေစုတ်ထုတ်ဖို့ တပ်ဆင်ထားတဲ့ Divo ပန့် ၁ လုံး ပါဝါယိုစိမ့်မှုဖြစ်နိုင်တယ်လို့ သုံးသပ်ထားပြီး မှုခင်းဆေးပညာအရာရှိကို ထပ်မံစစ်ဆေးဖို့ စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။

Ref; clean the water tank 2 killed by electric shock

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။