Trending Now

ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသား တစ်ဦး ပျားတုတ်ခံရလို့ သေဆုံး

Spread the love

ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသား တစ်ဦး ပျားတုတ်ခံရလို့ သေဆုံး

EPN
နိုင်ငံတကာ၊ မတ် ၃၁

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မှာ ဗြိတိန်နိုင်ငံသားတစ်ဦး ပျားတုပ်ခံရပြီးနောက် ပြင်းထန်စွာ ဓာတ်မတည့်မှုဖြစ်ပွားကာ ယမန်နေ့က သေဆုံးသွားခဲ့တယ်လို့ ထိုင်းသတင်းဌာန တစ်ခုက ဖော်ပြထားပါတယ်။

Rawai Rescue Unit က စေတနာ့ဝန်ထမ်းတွေဟာ ရာဝမ်မြို့က နေအိမ်တစ်လုံးမှာ နိုင်ငံခြားသားတစ်ယောက် ပျားတုပ်ခံရပြီးနောက် အခြေအနေစိုးရိမ်ရကြောင်း သတင်းရရှိတဲ့အတွက် ကူညီဖို့ သွားရောက်ခဲ့ပါတယ်။

စေတနာ့ဝန်ထမ်းတွေ ရောက်ရှိသွားချိန်မှာတော့ အသက် ၆၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသား စတီဖင်လီယိုနာ့ဒ်ကို ကုတင်ပေါ်မှာ သွေးခုန်နှုန်းမရှိတော့ပဲ သတိလစ်နေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

စေတနာ့ဝန်ထမ်းတွေက အရေးပေါ် ချင်းလောင် ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ချက်ချင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ (CPR) လုပ်ဆောင်ပေးခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

စတီဖင်လီယိုနာ့ဒ်ဟာ ဆိုင်ကယ်နဲ့ အပြင်ကနေ အိမ်ပြန်ရောက်လာချိန်မှာ ပျားတုပ်ခံရကြောင်း ပြောဆိုခဲ့တဲ့အတွက် ဓါတ်မတည့်တဲ့ ရာဇဝင်ရှိကြောင်း သိထားတဲ့ ဇနီးဖြစ်သူက အရေးပေါ်ဆေးဝါတွေ ချက်ချင်းစီမံပေးခဲ့ပေမယ့် ထိရောက်မှုမရှိတာကြောင့် အရေးပေါ်အကူအညီတောင်းခံခဲ့တာလို့ ဆိုပါတယ်။

အရင်တုန်းက စတီဖင်လီယိုနာ့ဒ်ဟာ ပျားရည်ကို မတော်တဆ စားသုံးမိပြီးနောက် ပြင်းထန်တဲ့ ဓာတ်မတည့်မှုဖြစ်ပေါ်ကာ သတိလစ်တဲ့အထိ ဖြစ်ခဲ့ဘူးတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။

လက်ရှိအချိန်မှာ စတီဖင်ရဲ့ ရုပ်အလောင်းကို ဗချီရာဖူးခက် ဆေးရုံသို့ ပို့ဆောင်ကာ သေဆုံးရတဲ့ အကြောင်းရင်းကို အတည်ပြုနိုင်ဖို့ ခွဲစိတ်စစ်ဆေးမှုပြုလုပ် ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Ref; thethaiger

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။