Trending Now

ဝါးခယ်မမြို့နယ်တွင်အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး

Spread the love

ဝါးခယ်မမြို့နယ်တွင်အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး

EPN
ဝါးခယ်မ ၊ မေလ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ဝါးခယ်မမြို့နယ်ကနစိုးကုန်းကျေးရွာတွင် အမျိုးသားတစ်ဦး မေလ ၂၅ ရက်ကမိုးကြိုးပစ်ခံရ၍သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။
”မိုးကြိုး စက်ကွင်းထိမှန်သူက မနေ့က ညနေပိုင်း လယ်ကွင်းထဲလယ်ယာလုပ်ငန်း လုပ်ဖို့ သွားရင်း မိုးကြိုးပစ်ချသွားတာပါ။ဝိုင်းဝန်းဆေးရုံပို့ပေမယ့် အသက်မရှင်တော့တာပါ။လူငယ်အမျိုးသား တစ်ယောက်ဖြစ်ပါ”ဟု ဝါးခယ်မအခြေပြု လူမှုကူညီရေးအသင်းတစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ မိုးကြိုးထိမှန်သူသည် အသက် ၂၈ နှစ်အရွယ်ကနစိုးကုန်းကျေးရွာတွင်နေထိုင်သူဖြစ်ပြီး၎င်းမိုးကြိုးထိမှန်သည့်နေရာနှင့်အနီးတွင်အခြားလယ်ယာလုပ်ငန်း လုပ်ကိုင်နေသူများလည်းရှိပြီးအခြားသူများကတော့ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် နှစ်စဉ် မိုးဦးကာလမိုးကြိုး အပစ်ခံရ၍ သေဆုံးသူဦးရေ ၆၀ မှ ၁၀၀ ကျော်အထိရှိပြီး ညနေဘက်လယ်ကွင်းဆင်းပြီးလုပ်ငန်းလုပ်ကိုင်ကြသည့် တောင်သူများအများဆုံးမိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။