Trending Now

ရုရှားနိုင်ငံမှာ စစ်ရေးပြအခမ်းအနားတွေနဲ့ အောင်ပွဲနေ့ကို ဂုဏ်ပြုပွဲ ကျင်းပ

Spread the love

ရုရှားနိုင်ငံမှာ စစ်ရေးပြအခမ်းအနားတွေနဲ့ အောင်ပွဲနေ့ကို ဂုဏ်ပြုပွဲ ကျင်းပ

EPN
နိုင်ငံတကာ၊ မေ ၉

ရုရှားနိုင်ငံဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ နာဇီဂျာမနီကို အောင်ပွဲခံခဲ့တဲ့ ၇၇ နှစ်မြောက် အောင်ပွဲနေ့ကို ယနေ့ ဂုဏ်ပြုကျင်းပလျက်ရှိပါတယ်။

ရုရှားနိုင်ငံ အရှေ့ဖျားမှာ မနက်ပိုင်းက အခမ်းအနားပွဲတွေနဲ့ စစ်ရေးပြချီတက်ပွဲတွေ ကျင်းပခဲ့ပြီး အနောက်ပိုင်းမှာလည်း အလားတူကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရေးပြချီတက်ပွဲကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် Sakhalin ရဲ့ အဓိကမြို့ Yuzhno-Sakhalinsk မြို့လယ်ရှိ ရင်ပြင်တွင် စတင်ခဲ့တာဖြစ်ပြီး စစ်သည်များ အပါအဝင် လူ ၈၀၀ ကျော် တက်ရောက်ခဲ့ ပါတယ်။

ဂုဏ်ပြုပွဲအခမ်းအနားနေ့မှာ မိုးဖွဲဖွဲရွာနေခဲ့ပေမယ့် ပရိသတ်အများအပြားက ချီတက်ပွဲကို ကြည့်ရှုအားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ အခမ်းအနားမှာ နောက်ဆုံးပေါ် S-400 မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် အပါအဝင် မြေပြင်မှ သင်္ဘော Bastion ဒုံးကျည်စနစ်ကို ပထမဆုံးအကြိမ် ပြသခဲ့ပါတယ်။

ဗလာဒီဗော့စတော့မြို့ရှိ အခြားချီတက်ပွဲတစ်ခုမှာတော့ လူများက ယူကရိန်းကိုတိုက်ခိုက်နေတဲ့ ရုရှားရဲ့ စစ်ရေးစစ်ဆင်ရေးအတွက် အထောက်အကူဖြစ်စေတဲ့ သင်္ကေတ “Z” ဟူသော အလံများကို ဝှေ့ယမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ်ကတည်းက ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားအပါအဝင် မြို့ ၂၈ မြို့မှာ စစ်ရေးပြချီတက်ပွဲတွေ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က မော်စကိုမှာ လူထုကို မိန့်ခွန်းပြောမယ့်အပေါ် အာရုံစိုက်နေပြီး မိန့်ခွန်းကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် စတင်မည်ဖြစ်ကြောင်း သိရပါတယ်။

Source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။