Trending Now

အမေရိကန်အောက်လွတ်တော်ဥက္ကဌ နန်စီပေလိုစီ ရာထူးမှနှုတ်ထွက်မည်

Spread the love

အမေရိကန်အောက်လွတ်တော်ဥက္ကဌ နန်စီပေလိုစီ ရာထူးမှနှုတ်ထွက်မည်

EPN
နိုင်ငံတကာ၊ နိုoင်ဘာ ၁၈

အမေရိကန်အောက်လွတ်တော်ဥက္ကဌ နန်စီပေလိုစီသည် ရာထူးမှ နှုတ်ထွက်ပြီး မျိုးဆက်သစ်များထံ လွဲပြောင်းပေးမည်ဟု ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ယနေ့ ဖော်ပြထားသည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြိုင်ဘက်ရီပတ်ဘလစ်ကန် ပါတီက အနိုင်ရရှိသွားကာ အောက်လွတ်တော်ကို ချုပ်ကိုင်သွားခဲ့ပြီးနောက် တစ်ရက်အကြာတွင် နန်စီပေလိုစီ၏ နှုတ်ထွက်မည့်သတင်းထွက်ပေးလာခြင်းဖြစ်သည်။

အသက် ၈၂ နှစ်ရှိပြီဖြစ်သည့် ပေလိုစီသည် လက်ရှိရာထူးမှ နှုတ်ထွက်မည်ဖြစ်သော်လည်း အောက်လွတ်တော်တွင် ကယ်လီဖိုးနီးယား ခရိုင် ကိုယ်စားပြု အမတ်အနေဖြင့် ဆက်လက်ရှိနေမည်ဟုဆိုသည်။

နန်စီပေလိုစီ၏ ရာထူးတွင် ရီပတ်ဘလစ်ကန် ပါတီ၏ ခေါင်းဆောင် ကယ်ဗင်မက္ကာသီကို ဆက်ခံသွားမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ပေလိုစီသည် အောက်လွတ်တော် ဥက္ကဌနေရာတွင် ၂၀၀၇-၂၀၁၁ ခုနှစ်အထိ ၂၀၁၉ ခုနှစ်ကနေ လက်ရှိအချိန်အထိ တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပြီး အောက်လွတ်တော်ဥက္ကဌရာထူးသည် သမ္မတနှင့် ဒုတိယ သမ္မတပြီးလျှင် အမေရိကန်တွင် အဆင့်အမြင့်ဆုံးဖြစ်သည်။

— ကိုးကား —
ရိုက်တာ
ref; Pelosi to step down from U.S. House leadership, passing to a new generation

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။