Trending Now

ဖားကန့်မြို့နယ်တွင် ရာအိမ်မှုး အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

Spread the love

ဖားကန့်မြို့နယ်တွင် ရာအိမ်မှုး အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

EPN
မြစ်ကြီးနား၊ ဇွန် ၂၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဇွန်လ (၂၆) ရက်နေ့က နန့်ပါဟုတ် ကျေးရွာ ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

ယင်းအမျိုးသားမှာ နန့်ပါဟုတ် ကျေးရွာ ရာအိမ်မှုးဖြစ်ကာ ဇွန်လ (၂၅) ရက်နေ့က ကားအရောင်းအဝယ်ပြုလုပ်ရန်အတွက် အိမ်မှထွက်ခွာသွားခဲ့ပြီး၊ ပြန်လည်ရောက်ရှိလာခြင်း မရှိသည့်အတွက် ၎င်း၏ဇနီးဖြစ်သူမှ လိုက်လံ ရှာဖွေခဲ့ရာ ဇွန်လ (၂၆) နေ့မှသာ သေဆုံးလျက်ဘတွေ့ရှိခဲ့ရကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

“ သူက ရာအိမ်မှူးလို့ပြောတယ်။ ကားအရောင်းအဝယ် လုပ်မယ်ဆိုပြီး ၂၅ ရက်နေ့လောက်က ထွက်သွားတာ။ ပြန်မရောက်တာနဲ့ သူ့ရဲ့ဇနီးက လိုက်ရှာတာ။ ၂၆ ရက်နေ့မနက်မှ ရပ်ကွက် (၁) ရွှေပြည့်စုံ ဘုရားနားမှာ တွေ့ခဲ့ရတယ်။ တွေ့တော့ သူက သေနတ်ဒဏ်ရာနဲ့ သေဆုံးနေပြီ ” ဟု ၎င်းကပြောသည်။

ယင်းအမျိုးသားမှာ နန့်ပါဟုတ်ကျေးရွာရာအိမ်မှူးတစ်ဦးဖြစ်ပြီး အသက် (၅၁) နှစ်အရွယ် ဦးစိုးဝင်း ဆိုသူဖြစ်ကြောင်း သိရသည်။

ယင်း အမျိုးသား၏ ရုပ်အလောင်းကို ရွှေပြည့်စုံ ဘုရားအနီး ၎င်းမောင်းနှင်သွားသည့် ကား၏နောက်ခန်း ညာဘက်ထိုင်ခုံတွင် ပလတ်စတစ် ပိုက်ကလစ်ဖြင့် လက်နောက်ပြန်တုပ်ကာ ဦးခေါင်းညာနားထင် တွင် ကျဉ်ဖောက်ဝင်ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်း သိရသည်။

အလားတူ ဖားကန့်မြို့နယ်အတွင်း လုပ်ကြံသတ်ဖြတ်သည့် ဖြစ်စဉ်များမကြာခဏဖြစ်ပွားလျက်ရှိကာ မေလ (၃၀) ရက်နေ့ကလည်း ဆိုင်းတောင်ကျေးရွာရှိ သံယောစဉ်နန်းတော် တည်းခိုခန်းပိုင်းရှင် အမျိုးသမီးတစ်ဦး ဓားဖြင့်ထိုးသတ်ခံခဲ့ရကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။