Trending Now

ထိုင်းစီးပွားရေးလုပ်ငန်းတွေမှာ လက်ဖက်ရည်ကနေ သွားတိုက်ဆေးအထိ ဆေးခြောက်ကို အသုံးပြုနေ

Spread the love

ထိုင်းစီးပွားရေးလုပ်ငန်းတွေမှာ လက်ဖက်ရည်ကနေ သွားတိုက်ဆေးအထိ ဆေးခြောက်ကို အသုံးပြုနေ

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၇

ထိုင်းအစိုးရက ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့်ပေးပြီးနောက် နိုင်ငံအတွင်းမှာ ရှိတဲ့ စီးပွားရေး လုပ်ငန်းတွေမှာ သွားတိုက်ဆေး၊ လက်ဖက်ခြောက်၊ ဆပ်ပြာနဲ့ အဆာပြေ ထုတ်ကုန်တွေအထိ ဆေးခြောက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။

“ဆေးခြောက်ထည့်ထားတဲ့ နို့လက်ဖက်ရည်က ငါ့ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်” လို့ လက်ဖက်ရည်ဝယ်ယူသောက်သုံးနေတဲ့ အသက် ၃၂ နှစ်အရွယ် ပက်ပွန်းဆိုသူ အမျိုးသားက ကပြောပါတယ်။

ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို ဆေးဝါးအသုံးပြုမှုတွေနဲ့ သုတေသနလုပ်ငန်းတွေမှာ ၂၀၁၈ ခုနှစ်ကတည်းက တရားဝင်ခွင့်ပြုခဲ့တဲ့ ပထမဆုံး တောင်အရှနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့ လကနေ ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းကနေ ရုပ်သိမ်းလိုက်တာကြောင့် ဆေးခြောက်ကို အပန်းဖြေအသုံးပြုသူတွေဟာ များပြားလာပါတယ်။

ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်တွေနဲ့ ကိုဗစ်ကာလအလွန် စီးပွားရေး ပြန်လည်ဦးမော့စေဖို့အတွက် တရားဝင်ခွင့်ပြုခဲ့တာဖြစ်ပြီး ဆေးခြောက်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကနေ ဒေါ်လာ ၃ ဘီလီယံကျော် ရရှိမယ်လို့ ကျန်းမာရေးဝန်ကြီး က ခန့်မှန်းထားပါတယ်။

” ဆေးခြောက်နဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့မူဝါဒက ဆေးဘက်ဆိုင်ရာရည်ရွယ်ချက်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပဲ အာရုံစိုက်ထားပါတယ်။ ဒါပါပဲ။ တခြားနည်းလမ်းတွေနဲ့ ဆေးခြောက်သုံးစွဲမှုကို အားပေးလို့မရဘူး။ ဒါပေမယ့် ဒီထုတ်ကုန်တွေကို အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ လူတွေ ချမ်းသာလာတာကို ကျွန်တော် မြင်ချင်ပါတယ်” လို့ ကျန်းမာရေးဝန်ကြီး အာနူတင်မ် က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဆေးခြောက်ထုတ်လုပ်သူတွေက ဆေးဘက်ဆိုင်ရာ လုပ်ငန်းတွေထက် အစိုးရက တရာဝင်ခွင့်ပြုခဲ့တာကို အခွင့်ကောင်းယူပြီး နိုင်ငံတဝှမ်းမှာ ဆေးခြောက်ကို တရားဝင်ရောင်းချတဲ့ ဆိုင်တွေဆောက်လုပ်နေမှုဟာ ပိုမိုများပြားလာပါတယ်။

ဒါတွေကို ထိမ်းချုပ်နိုင်ဖို့ ပြည်သူ့ကျန်းမာရေးဥပဒေကို အသုံးပြုရမှာဖြစ်ပြီး ဆေးခြောက်ရဲ့ အကျိုးကျေးဇူးတွေနဲ့ အန္တရာယ်ကို ပြည်သူတွေ ဘေးကင်းစွာ အသုံးပြုနိုင်စေဖို့ လူထုအသိပညာပေးမှုတွေမြှင့်တင်ဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

Source – FN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။