Trending Now

မံစီမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဆုရကျောင်းသား၊ ကျောင်းသူ အသင်းအား ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေး

Spread the love

မံစီမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဆုရကျောင်းသား၊ ကျောင်းသူ အသင်းအား ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေး

EPN
ဗန်းမော်၊ ဇူလိုင် ၂၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာကျောင်းများ စုပေါင်း၍ မိုးရာသီ အမျိုးသား၊ အမျိုးသမီး ဘေဲလုံးပြိုင်ပွဲကို ကျင်းပပေးရာ ဆုရကျောင်းသား၊ ကျောင်းသူ ဘောလုံးအသင်းများအား ထိုက္ထိုက္တန် ဆုချီးမြှင့်ပေးခဲ့ကြောင်း မံစီမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

မံစီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံ မိုးရာသီဘောလုံးပြိုင် ကို ဇူလိုင်လအတွင်း ကျင်းပပြုလုပ်ပေးခဲ့ပြီး၊ ‌ဆုရအမျိုးသား၊ အမျိုးသမီး ဘောလုံး အသင်းများကို ထိုက်ထိုက်တန်တန် ငွေသားကျပ်နှင့် ဆုဖလားများ ပေးအပ်ခဲ့ကြောင်း မံစီမြို့နယ်ပညာရေးမှူးက ဆိုသည်။

” အဓိက ဒီလို မိုးရာသီဘောလုံးပြိုင်ပွဲပြုလုပ်ပေးရတာကတော့ ကျောင်းသား၊ကျောင်းသူတွေ အနေနဲ့ အားကစားစိတ်ဓာတ် ရှိစေချင်တယ်။ ကျန်းမာကြံ့ခိုင်တဲ့ ကလေးတွေဖြစ်ဖို့၊ ပြီးတော့ အချင်းချင်း စည်းလုံးညီညွှတ်မှု ရှိစေချင်တယ်။ တစ်ယောက်နဲ့‌တယောက် အပေးအယူ မျှတစေချင်တယ်။ နားလည်မှုတွေ ရရှိစေဖို့အတွက် ရည်ရွယ်ပြီး အခုလို အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပပေးရတာ ဖြစ်တယ် ” ၎င်းက ရှင်းပြသည်။

အဆိုပါ မိုးရာသီ ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲအား ဇုလိုင် (၁၃) ရက်နေ့ကစ၍ အသင်းလိုက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဇူလိုင်လ (၂၀) ရက်နေ့တွင် ဆုရကျောင်းသား၊ ကျောင်းသူ ဘောလုံးအသင်းများကို ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ယင်း မိုးရာသီ ဘော့လုံး ပြိုင်ပွဲတွင် (အထက) မိုင်း‌ေခါင် အမျိုးသားအသင်းမှ ပထမဆု၊ ဒုတိယဆုကို (အထက) မံစီ မှ လည်းကောင်း၊ တတိယဆုကို (အလက) ကောင်ရာကျောင်း တို့မှ အသီးသီး ရယူခဲ့ပြီး၊ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည့် အသင်းအား နှစ်သိမ့်ဆု ချီးမြှင့်ပေးခဲ့သည်။

အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် ပထမဆုကို (အထက) မိုင်းခေါင်မှ လည်းကောင်း၊ ဒုတိယဆုကို ( အလက) တုံပလွေမှ လည်းကောင်း၊ တတိယဆုကို (အထက) မံစီ ကျောင်းတို့မှ အသီးသီး ရရှိခဲ့ကြပြီး၊ အဆိုပါ ကျောင်းသား၊ ကျောင်းသူဘောလုံး အသင်းများကို ဆုများအလိုက် ငွေသားနှင့် ဆုဖလားများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရာသီ ကျောင်းပေါင်းစံုဘောလုံး ပြိုင်ပွဲအား မံစီမြို့နယ် ပညာရေးမှူးရုံးမှ ဦးစီး၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်အချိန်နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ပြန်လည်ကျင်းပ ပြုလုပ်ပေးခဲ့ကြောင်း သိရပြီး၊ လာမည့် ပညာသင်နှစ်တို့တွင်လည်း ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်မှု၊ အားကစားစိတ်ဓါတ်၊ အချင်းအချင်း စည်းလုံးညီညွှတ်မှုများ ရှိစေရန် ဆက်လက်လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။