Trending Now

ယူကရိန်းအရေးကြောင့် ပရီးမီးယားလိဂ်ရုပ်သံလိုင်းကို တရုတ်နိုင်ငံအတွင်း ထုတ်လွင့်ပြသမည်မဟုတ်

Spread the love

ယူကရိန်းအရေးကြောင့် ပရီးမီးယားလိဂ်ရုပ်သံလိုင်းကို တရုတ်နိုင်ငံအတွင်း ထုတ်လွင့်ပြသမည်မဟုတ်

EPN
အားကစား၊ မတ် ၅

ပရီးမီးယားလိဂ်ပွဲစဉ်များအတွင်း ယူကရိန်းနှင့် စည်းလုံးညီညွတ်မှုကို သရုပ်ဖော်ပြသရန် စီစဉ်ထားသောကြောင့် ရုရှားနိုင်ငံ၏ မဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံက လိဂ်ပွဲစဉ်များကို နိုင်ငံအတွင်း ထုတ်လွင့်သွားမည်မဟုတ်ကြောင်းသိရသည်။

ကြီးမားသော ယူကရိန်းနိုင်ငံအလံပုံ LED ဆိုင်းဘုတ်များ နှင့် ကလပ်အသင်းခေါင်းဆောင်များက ယူကရိန်းနိုင်ငံ၏ အရောင်ကို အသုံးပြုထားသည့် အထူးလက်ပတ်များကို ဝတ်ဆင်သွားမည်ဖြစ်သည်။

ထို့အပြင် လိဂ် Logo များကိုလည်း ယူကရိန်းအလံ၏ အပြာရောင်နှင့် အဝါရောင်များကို ပြောင်းလည်းသွားမည်ဖြစ်ကြောင်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံနှင့် စည်းလုံးညီညွတ်မှုကိုပြသသည့် အမူအယာများကို ပရီးမီးယားလိဂ်ပွဲစဉ်အားလုံး၏ နိုင်ငံတကာ ထုတ်လွှင့်မှုများတွင် ပြသသွားမည်ဟု လိဂ်ထုတ်ပြန်ချက်ကဆိုသည်။

အဆိုပါဆုံးဖြတ်ချက်ကြောင့် ရလဒ်အနေဖြင့် တရုတ်ထုတ်လွှင့်ဖော်ဖြစ်သော IQIYI Sports မှ ပြိုင်ပွဲများကို တရုတ်နိုင်ငံအတွင်း ထုတ်လွှင့်မည်မဟုတ်ကြောင်း သတိပေးခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်းကလည်း အာဆင်နယ်အသင်း ခေါင်းဆောင် မီဆွတ်အိုဇေးက တရုတ်၏ Uyghur မူဆလင်များအပေါ် ဆက်ဆံပုံကို ဝေဖန်ပြီးနောက် ပရီးမီးယားလိဂ် အာဆင်နယ်အသင်းပွဲစဉ်များကို တရုတ်နိုင်ငံအတွင်း ထုတ်လွင့်ပြသခဲ့ခြင်းမရှိပေ။

Source – theguardian


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။