Trending Now

ဟိုပင် မီးရထားဝင်း အနီး ဂျပန်စစ်သည်ဟု ယူဆရသည့် အရိုးစုများ တွေ့ရှိ

Spread the love

ဟိုပင် မီးရထားဝင်း အနီး ဂျပန်စစ်သည်ဟု ယူဆရသည့် အရိုးစုများ တွေ့ရှိ

EPN
ဟိုပင်၊ ဇွန် ၁၇

မိုးညှင်းမြို့နယ် ဟိုပင်မြို့ ဘူတာရှေ့ ထမင်းဆိုင်တစ်ဆိုင်၏ အနောက်ဘက်တွင် အိမ်သာကျင်း တူးဖော်ရာမှာ ဂျပန်စစ်သည်တော်ဟု ယူဆရသည့် လူအရိုးစုများ တွေ့ရှိခဲ့ကြောင်း ယင်းဆိုင်ရှင်ထံမှ သိရသည်။

ဇွန်လ ၁၃ ရက်နေ့က အဆိုပါ နေရာတွင် အိမ်သာကျင်းတူးဖော်ရာမှာ ဆွေးမြေ့နေသည့် လူအရိုးစု များနှင့်အတူ ဖိနပ်တစ်ဖက်၊ ဓါးအိမ်တစ်ခုနှင့် ခါးပိတ်အပိုင်းအစများကိုပါ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ထမင်းဆိုင်ပိုင်ရှင် ဦးကျော်စိုး (ဟိုပင်ဘူတာ လက်မှတ်အရောင်းစာရေး) က ပြောပြသည်။

“အဲဒီနေ့က အိမ်သာကျင်းတူးတဲ့အခါ မြေအောက် အနက် (၆) ပေလောက်ရောက်တဲ့အခါ၊ သွပ်တွေ တွေ့တယ်၊ အဲဒီသွပ်တွေကို ဖယ်ရင်းဖယ်ရင်းကနေ သုံးချပ်မြောက်လောက်မှာတော့ လူအရိုးစုတွေ့နဲ့ အတူ အဲဒီပစ္စည်းတွေကို တွေ့ခဲ့တာပဲ” ဟု ဦးကျော်စိုးက ဆိုသည်။

လွန်ခဲ့သည့် နှစ်များကလဲ ဟိုပင်မီးရထားဝင်းနှင့် အနီးတဝိုက်တွင် ယခုကဲ့သို့ အရိုးစုများနှင့် အသုံးအဆောင် ပစ္စည်းများ၊ စစ်ကျန်လက်နက်ခဲယမ်း၊ ဗုံးသီးဟောင်းများတွေ့ရှိခဲ့ကြောင်း၊ ယခုတွေ့ရှိသည့် အရိုးစုများမှာလဲ ဒုတိယကမ္ဘာစစ် ဂျပန် စစ်သည်များ၏ အရိုးများ ဖြစ်နိုင်ကြောင်း ဒေသခံ ရပ်မိရပ်ဖ တစ်ဦးက သုံးသပ်ပြောဆိုသည်။

ဟိုပင်မြို့ မီးရထားဝင်း မြေနေရာများတွင် ယခင်ကလည်း မြေတူးဖော်ရာမှ အရိုးစုများ၊ အသုံးအဆောင် ပစ္စည်းများကို မကြာခဏ တွေ့ရလေ့ရှိပြီး ယခုတွေ့ရှိခဲ့သည့် အရိုးစုနှင့် အသုံးဆောင် ပစ္စည်းများသည်လဲ ဂျပန်စစ်သား၊ စစ်သည်များ၏ အရိုးစုများ ဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုလျှက်ရှိသည်။

ကိုချစ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။