Trending Now

မြန်မာနိုင်ငံ ၏ သတင်းလွတ်လပ်ခွင့် ကမ္ဘာအဆင့် ၁၃၈ မှာသာရှိနေ

Spread the love

မြန်မာနိုင်ငံ ၏ သတင်းလွတ်လပ်ခွင့် ကမ္ဘာအဆင့် ၁၃၈ မှာသာရှိနေ 
EPN
နိုင်ငံတကာ၊ ဧပြီ ၂၀
၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံ ၏ သတင်းလွတ်လပ်ခွင့်အဆင့် သည် ကမ္ဘာအဆင့် ၁၃၈ မှာသာရှိခဲ့ကြောင်း မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ်က သတင်းလွတ်လပ်ခွင့် ကမ္ဘာအဆင့် ၁၃၇ ခုရှိနေပြီး ယခုနှစ်တွင် အဆင့်ကျဆင်းသွားခဲ့ကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ က ဖော်ပြထားသည်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းက ကမ္ဘာနိုင်ငံပေါင်း ၁၈၀ ၏ သတင်းလွတ်လပ်ခွင့်ကို အဆင့်သတ်မှတ်ဖော်ပြခဲ့သည်။ ၂၀၁၉ ခုနှစ်အတွက် သတင်းလွတ်လပ်ခွင့်အရှိဆုံးနိုင်ငံတွေမှာ နော်ဝေ၊ ဖင်လန်၊ ဆွီဒင်တို့ ရှိနေခဲ့ကြောင်းသိရသည်။ 
ရိုက်သတင်းထောက်ဝလုံး နှင့် ကျော်စိုးဦးတို့နှစ်ဦးတို့ကို ထောင်ဒဏ် အပြစ်ပေးမှုအပြင် သတင်းထောက်တွေကို ၆၆(ဃ) နှင့် စွဲချက်တင်ဖမ်းဆီးမှုတွေရှိနေဆဲဖြစ်သဖြင့် မြန်မာနိုင်ငံ ၏ သတင်းလွတ်လပ်ခွင့်အဆင့်ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ၏ သတင်းလွတ်လပ်ခွင့် ကမ္ဘာအဆင့်သည် ၂၀၁၃ ခုနှစ် အဆင့် ၁၅၁ ၊ ၂၀၁၄ ခုနှစ်က အဆင့် ၁၄၅ ၊ ၂၀၁၅ ခုနှစ်က အဆင့် ၁၄၄ ၊ ၂၀၁၆ ခုနှစ် အဆင့် ၁၄၃ ၊ ၂၀၁၇ ခုနှစ်က အဆင့် ၁၃၁၊ ၂၀၁၈ ခုနှစ် က အဆင့် ၁၃၇ တွင်ရှိနေခဲ့သည်။ မြန်မာ နိုင်ငံ ၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံသည်လည်း သတင်းလွတ်လပ်ခွင့်အဆင့်ကျဆင်းခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် သတင်းလွတ်လပ်ခွင့်အဆင့် ၁၄၀ တွင် ရှိနေခဲ့ကြောင်းသိရသည်။
—————————————————–

EPN






Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။