Trending Now

အီရန်က ရုရှားကို လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းယာဉ်တွေ ပို့မယ်လို့ အမေရိကန်ပြော

Spread the love

အီရန်က ရုရှားကို လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းယာဉ်တွေ ပို့မယ်လို့ အမေရိကန်ပြော

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၁၃

ယူကရိန်းမှာ သုံးဖို့အတွက် အီရန်က ရုရှားကို ရာနဲ့ချီတဲ့ ဒရုန်းယာဉ် (UAV) တွေ ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ အမေရိကန်က ပြောဆိုလိုက်ပါတယ်။

အီရန်အစိုးရဟာ လက်နက်တပ်ဆင်နိုင်တဲ့ UAV တွေ အပါအဝင် ရာနဲ့ချီတဲ့ UAV တွေကို ရုရှားကို အမြန်ဆုံး ပို့ပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် နိုင်ငံ့လုံခြုံရေးဆိုင်ရာ အကြံပေး Jake Sullivan က ပြောကြားခဲ့ပါတယ်။

အခုလအစောပိုင်း ကတည်းက အဲဒီမောင်းသူမဲ့ ဒရုန်းယာဉ်တွေကို ရုရှားတပ်ဖွဲ့၀င်တွေ အသုံးပြုနိုင်ဖို့အတွက် အီရန်ဟာ ပြင်ဆင်နေပြီဆိုတာ ပြသနေတဲ့ သတင်းအချက်အလက်တွေ အမေရိကန်မှာ ရရှိထားတယ်လို့ Sullivan က ပြောပါတယ်။

ဒီအစီအစဉ်ဟာ မကြာသေးတဲ့သီတင်းပတ်တွေအတွင်း ယူကရိန်းအပေါ် ရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့် ရုရှားရဲ့လက်နက်အင်အား လျော့နည်းစေခဲ့တဲ့ အထောက်အထားဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေက သူတို့ရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး အရပ်သား သေဆုံးဒဏ်ရာရမှုတွေ ပိုမိုဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်မြို့မှာ နေထိုင်သူတွေဟာ တစ်ခါတစ်ရံ သက်ညှာမှုကင်းမဲ့တယ်လို့ မြင်ရတဲ့ စစ်ပွဲရဲ့ဒဏ်ကို ခံနေရပါတယ်။

source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။