Trending Now

နမ့်ဆန်ယန်ကျေးရွာအနီး ရွှေတူးဖော်မှုပြုလုပ်နေသူများအား တပ်မတော်မှ ဖမ်းဆီးမှုပြုလုပ်ရာ KIAလက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွား

Spread the love

နမ့်ဆန်ယန်ကျေးရွာအနီး ရွှေတူးဖော်မှုပြုလုပ်နေသူများအား တပ်မတော်မှ ဖမ်းဆီးမှုပြုလုပ်ရာ KIAလက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဇွန် ၁၉

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ့်ဆန်ယန်ကျေးရွာအနီး ရွှေတူးဖော်မှု ပြုလုပ်နေသူများအား တပ်မတော်မှ ဝင်ရောက်ဖမ်းဆီးရာ KIA လက်နက်ကိုင် အဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ဇွန်လ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောင်ဂျာကျေးရွာတွင် တပ်စွဲနေထိုင်သည့် တပ်မတော် စစ်ကြောင်းသည် နမ့်ဆန်ယန်‌ ကျေးရွာအနီး‌ ရွှေတူးဖော်နေသူများအား လိုက်လံဖမ်းဆီးရာတွင် KIAလက်နက် ကိုင်အဖွဲ့မှ နယ်မြေကျူးကျော် ဝင်ရောက္သည်ဟု ယူဆ၍ ဇွန်လ ၁၆ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်ခန့်တွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း နမ့်ဆန်ယန် ဒေသခံတစ်ဦးက ပြောသည်။

” အဲ့ဘက္မှာ ရွှေတူးနေတဲ့သူ အများကြီးရှိတယ် ။ ချောင်းတဖက်ကမ်းဘက္မှာပေါ့။ တချို့လည်း လယ်ယာတွေ ရောင်းလိုက်ကြတယ် ။ ရွှေလုပ်တဲ့သူတွေက တစ်ဧကကို သိန်းသုံးရာကျော်ပေးတယ် ။ ပြီးခဲ့တဲ့ ရက်က သေနတ် သံတွေ ကြားတယ် တပ်မတော်နဲ့ kiaအဖွဲ့ ပစ်ကြတယ် ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

တပ်မတော်နှင့် ‌KIAလက်နက်ကိုင်အဖွဲ့တို့ ဇွန် ၁၆ရက်နေ့၊ ညနေပိုင်းအချိန်ခန့်က နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး လက်ရှိအခြေအနေတွင် စစ်ရေးတင်းမာ နေသောကြောင့် မြစ်ကြီးနား-လိုင်ဇာ-ဗန်းမော် ယာဉ်လိုင်းတချို့ သွားလာခွင့် ကန့်သတ်ထားကြောင်း မြစ်ကြီးနား-လိုင်ဇာ ယာဉ်လိုင်းပြေးဆွဲနေသည့် ကားဆရာ တစ်ဦးကထည့်သွင်း ပြောသည်။

” မြစ်ကြီးနား- ဗန်းမော်လမ်းက သွားလို့ရတယ်။ ခုပိတ်တာက လိုင်ဇာအထွက်ကားတွေ ပိတ်ထားတာ။ ‌ဗန်းမော်ဘက်လည်း မထွက်ရဘူး။ မြစ်ကြီးနားဘက်လည်း မထွက်ရဘူး။ အဲ့တော့ လိုင်ဇာနဲ့ ဗန်းမော် ဘက္မှာ ယာဉ်လိုင်းတချို့ ပိတ်မိနေတယ် ” ဟု ယင်းကရှင်းပြသည်။

အဆိုပါ ဒေသတွင် နှစ်ဖက်စစ်ရေးတင်းမာနေမှုများကြောင့် ယာဉ်လိုင်း တချို့ ပိတ်မိနေပြီး ဆက်လက်၍ တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

ဝိုင်းမော်မြို့နယ်၊ နမ့်ဆန်ယန်ကျေးရွာ ပြည်သူများသည် ၂၀၁၁ ခုနှစ် အတွင်း၌ တပ်မေတာ်နှင့် KIA လက်နက်ကိုင်အဖွဲ့တို့ ကြား တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ခဲ့ရပြီး ၂၀၁၈ ဒီဇင်ဘာလတွင် နေရပ်ပြန်လည် နေထိုင်သူများလည်း ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ အတွင်း၌ တပ်မတော်စစ်ကြောင်းနှင့် KIAလက်နက်ကိုင်အဖွဲ့တို့သည် နမ့်ဆန်ယန်ကျေးရွာအနီး၌ တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပိုင်ကြီး
Photo – Crd

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။