Trending Now

မြန်မာနိုင်ငံဟာ နောင်လာမယ့် သုံးနှစ်အတွင်းမှာ သဘာဝဓာတ်ငွေ့ကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေ ပိုမိုတိုးတက်လာမယ်လို့ ဆို

Spread the love

မြန်မာနိုင်ငံဟာ နောင်လာမယ့် သုံးနှစ်အတွင်းမှာ သဘာဝဓာတ်ငွေ့ကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေ ပိုမိုတိုးတက်လာမယ်လို့ ဆို

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၀

ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် အစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့တဲ့အချိန်မှာ ” မြန်မာနိုင်ငံဟာ နောင်လာမယ့် သုံးနှစ်အတွင်း သဘာဝဓာတ်ငွေ့ကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေ ပိုမိုတိုးတက်လာမှာ ဖြစ်တဲ့အတွက် ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်ကြဖို့ စိတ်ပါဝင်စားသူတွေကို ဖိတ်ခေါ်နိုင်ခဲ့တယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြုလုပ်တဲ့ အကြိမ် ၂၀ မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကမ်းလွန်ရေနှံလုပ်ကွက် ၅၁ ကွက် သတ်မှတ်ထားပြီး လုပ်ကွက် ၈ ကွက်မှာ သဘာဝဓာတ်ငွေ့တွေ့ရှိ တူးဖော်ပြီးတော့ ပြည်တွင်းပြည်ပကို ရောင်းချဆောင်ရွက်လျှက်ရှိသလို လက်ရှိမှာလည်း သဘာဝဓာတ်ငွေ့ နှစ်ထရီလီယံ ကုဗပေကျော် တွေ့ရှိထားတာဖြစ်လို့ မကြာမီ စီးပွားဖြစ် ထုတ်လုပ်တော့မှာဖြစ်တဲ့အပြင် ဒါ့ထက်ပိုမိုကြီးမားတဲ့ သဘာဝဓာတ်ငွေ့သိုက်တစ်ခုကိုလည်း တူးဖော်နိုင်မယ့် အလာအလာတွေ ရှိနေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်လာတဲ့ သူတွေကို မြန်မာနိုင်ငံရဲ့ အခြားစီးပွားရေး ကဏ္ဍပေါင်းစုံမှာ ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်နိုင်ခဲ့သလို အခြားပြည်ပ ကုန်သွယ်ရေးအတွက်ကိုလည်း များစွာပေးအပ်နိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ရင်နှီးမြှုပ်နှံမှုလုပ်လိုတဲ့ လူတွေ အများအပြားကို တွေ့ရှိခဲ့ရတယ်လို့ လည်းဆိုပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။