Trending Now

အိန္ဒိယနိုင်ငံရှိ အထပ်မြင့်တာဝါတိုင် ၂ လုံးကို ဥပဒေချိုးဖောက်မှုဖြင့် ဖြိုချ

Spread the love

အိန္ဒိယနိုင်ငံရှိ အထပ်မြင့်တာဝါတိုင် ၂ လုံးကို ဥပဒေချိုးဖောက်မှုဖြင့် ဖြိုချ

EPN
နိုင်ငံတကာ၊ သြဂုတ်

အိန္ဒိယနိုင်ငံရှိ အထပ်မြင့် တိုက်ခန်းတာဝါတိုင် နှစ်ခုကို နိုင်ငံ၏ ထိပ်တန်းတရားရုံးက အဆောက်အအုံ စံနှုန်းများကို ချိုးဖောက်ခဲ့သည့်အတွက် တရားမဝင်ကြောင်း ကြေညာပြီးနောက် တနင်္ဂနွေနေ့တွင် ဖြိုချဖျက်စီးပစ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အထပ် ၃၂ ထပ်နှင့် ၂၉ ထပ်ရှိသော တာဝါတိုင်များကို နယူးဒေလီမြို့ပြင်ရှိ Noida မြို့၌ ပုဂ္ဂလိက ဆောက်လုပ်ရေးမှ ဆောက်လုပ်နေခြင်းဖြစ်ပြီး ၃၂၈ ပေ မြင့်သော တာဝါတိုင်များဖြိုချခြင်းမပြုလုပ်မီ မိသားစုပေါင်း ၁၅၀၀ ကျော်သည် ၎င်းတို့၏ နေအိမ်တိုက်ခန်းများမှ ဘေးလွတ်ရာသို့ ထွက်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ တာဝါတိုင်းများ ဖြိုဖျက်မှုမှာ စက္ကန့်ပိုင်းအတွင် ပြီးစီးခဲ့သော်လည်း Supertech Limited မှ တည်ဆောက်သူနှင့် ဧရိယာအတွင်း နေထိုင်သူများအကြား ၁၂ နှစ်ကြာ တရားရုံးတိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အဆောက်အအုံအမြင့်များ ဆောက်လုပ်ရာတွင် အနီးနားရှိ အဆောက်အအုံများနှင့် သတ်မှတ်ထားသည့် အကွာအဝေးအတွင်း ဆောက်လုပ်ခြင်းမပြုရန် တားမြစ်ထားသော ဥပဒေများကို အစိုးရအရာရှိများနှင့် ပူးပေါင်း၍ ဖောက်ဖျက်ကျူးလွန်ကြောင်း တရားရုံးချုပ်က တွေ့ရှိပြီးနောက် ဖြိုချပြစ်ခဲ့ခြင်းဖြစ်သည်။

တာဝါတိုင်နှစ်ခု ဆောက်လုပ်ခြင်းမှာ တရားမဝင်ကြောင်း တရားရုံးချုပ်က ပြောကြားရာတွင် ဆောက်လုပ်သူသည် ထိုဒေသရှိ အခြားတိုက်ခန်းပိုင်ရှင်များထံမှ သဘောတူညီမှု မရရှိခဲ့သောကြောင့် ဖြစ်သည်ဟု ဆိုသည်။

အဆောက်အအုံဖြိုဖျက်ရေးလုပ်ကိုင်ခဲ့သည့် ကုမ္မဏီမှ ဒါရိုက်တာ Joe Brikmann က ပြိုကျပျက်စီးသွားသော တာဝါတိုင်များနှင့် ကပ်လျက် ရှိသော အဆောက်အအုံများတွင် ထိခိုက်မှု မရှိနိုင်ဟု ယုံကြည်ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သည်။

“ဒီဧရိယာမှာရှိတဲ့ အဆောက်အဦတွေဟာ ငလျင်ဒဏ်ခံရပ်ဝန်း (ဇုန် IV) မှာရှိပြီး ပေါက်ကွဲသံထက် တုန်ခါမှုထက် အများကြီး ပိုပြင်းထန်တဲ့ ငလျင်တွေကို တွေ့ကြုံခံစားနိုင်ဖို့ တည်ဆောက်ထားပါတယ်။ တာဝါတိုင်တွေ ပေါက်ကွဲမှုကြောင့် အိမ်ရာတွေ ထိခိုက်ပျက်စီးမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်” ဟု The Times of India သတင်းစာက ပြောကြားခဲ့သည်။

“တာဝါတိုင်းများ၏ တည်ဆောက်ပုံ၏အမြင့်၊ ထုထည်၊ သံမဏိအသုံးပြုထားမှုအရကမ္ဘာ့ထိပ်တန်းဖြိုဖျက်မှုငါးခုတွင်ပါလိမ့်မည်” ဟု Jet Demolition နှင့်ပူးပေါင်း၍ အဆောက်အဦးကိုဖြိုဖျက်ခဲ့သည့် ကုမ္မဏီတွေက သုံးသပ်ထားသည်။ တာဝါတိုင်ဆောက်လုပ်မှုများအတွက် ရူပီး သန်း ၁၈၀ (ဒေါ်လာ ၂.၂၅ သန်း) ကုန်ကျခဲ့သည်။

Source – AP


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။