Trending Now

လျှပ်စစ်သုံးယာဉ်တွေအတွက် တရုတ်နိုင်ငံက အားသွင်းစက်တွေ ဒုတိယအကြိမ်ရောက်ရှိလာ

Spread the love

လျှပ်စစ်သုံးယာဉ်တွေအတွက် တရုတ်နိုင်ငံက အားသွင်းစက်တွေ ဒုတိယအကြိမ်ရောက်ရှိလာ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၅

လျှပ်စစ်သုံးမော်တော်ယာဉ်တွေအတွက် တရုတ်နိုင်ငံက တင်သွင်းတဲ့ အားသွင်းစက် ၅စုံ ဒုတိယအကြိမ် ကုန်လေဆိပ်ကို ရောက်ရှိလာတယ်လို့ နိုင်ငံပိုင်းသတင်းက ဖော်ပြထားပါတယ်။

မျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ ရဲ့ ခွင့်ပြုချက်နဲ့ N.P.K Motors Co., Ltd. ကုမ္ပဏီက EV Charger 60KW ငါးစုံကို တရုတ်နိုင်ငံက တင်သွင်းခဲ့တာဖြစ်ပြီး ရန်ကုန်လေဆိပ်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒုတိယအကြိမ် ရောက်ရှိလာတဲ့ EV Charger 60KW ငါးစုံကို အကောက်ခွန်ရှင်းလင်းခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် နေ့ချင်းပြီး ထုတ်ယူခွင့်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။

ရောက်ရှိလာတဲ့ EV Charger တွေကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းဈေးမှာ (60KW Charging Station) တည်ဆောက်ပြီး အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ယခုလဆန်းပိုင်းကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ ယာဉ်ရပ်နားစခန်းမှာ Charging Station တည်ဆောက်နိုင်ရေးအတွက် ပထမဆုံးအကြိမ်အဖြစ် EV Charger ၇စုံ ထားတယ်လို့ သိရပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။