Trending Now

ပြစ်သစ်နိုင်ငံမှာ ပင်စင် ပြုပြင်ပြောင်းလည်းမှုနဲ့ ပတ်သက်ပြီး လူပေါင်း ၁ သန်းကျော် ဆန္ဒပြ

Spread the love

ပြစ်သစ်နိုင်ငံမှာ ပင်စင် ပြုပြင်ပြောင်းလည်းမှုနဲ့ ပတ်သက်ပြီး လူပေါင်း ၁ သန်းကျော် ဆန္ဒပြ

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၀

ပြင်သစ်နိုင်ငံမှာ အငြိမ်းစားယူမယ်အသက်အရွယ် ပြုပြင်ပြောင်းလည်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ယမန်နေ့က လူပေါင်း ၁.၁၂ သန်းခန့် ဆန္ဒပြခဲ့ကြတယ်လို့ အေအက်ဖ်ပီ က ဖော်ပြပါတယ်။

ပြင်သစ်ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ပြင်သစ်နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲတွေမှာ လူပေါင်း ၁.၁၂ သန်းခန့် ပါဝင်ခဲ့ကြပြီး လူပေါင်း ၈၀,၀၀၀ ခန့်ဟာ ပဲရစ်မြို့မှာ ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့မှာ ပြင်သစ်ဝန်ကြီးချုပ် အဲလီဇဘတ် ဘွန်းက ပင်စင်ပြုပြင်ပြောင်းလည်းရေး ဥပဒေကြမ်းကို တင်ပြခဲ့ပြီး အဆိုပါဥပဒေမူကြမ်းအရ အငြိမ်းစားယူမယ့် အသက်ကို ၆၂ နှစ်ကနေ ၆၄ နှစ်အထိ တိုးမြင့်သွားမှာ ဖြစ်ပါတယ်။

ဒီပြုပြင်ပြောင်းလည်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ပြစ်သစ်နိုင်ငံတစ်ဝှမ်းမှာ ဇန်နဝါရီလ ၁၉ ရက်နေ့က ဆန္ဒပြပွဲပေါင်း ၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ဆူပူဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ အသုံးပြုကာ နှိမ်နင်းခဲ့ကြပါတယ်။

နိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပေမယ့် ပြင်သစ်သမ္မတ အမ်မန်နျူရယ် မက်ခရွန်က အဆိုပြုထားတဲ့ ပင်စင်ပြုပြင်ပြောင်းလည်းရေး အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အခိုင်အမာ ကတိပြုထားပါတယ်။

— ကိုးကား —
AFP
Ref; More Than 1 Million People Gathered to Protest Against Pension Reform in France
video-crd

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။