Trending Now

Mask တပ်ဆင်ရန် အသိပညာပေးနှိုးဆော်ခြင်းနှင့် ခရီးသွားပြည်သူများကို ကိုယ်အပူချိန်တိုင်းတာပေးနေ

Spread the love

Mask တပ်ဆင်ရန် အသိပညာပေးနှိုးဆော်ခြင်းနှင့် ခရီးသွားပြည်သူများကို ကိုယ်အပူချိန်တိုင်းတာပေးနေ

EPN
မိုးမောက်၊ မေ ၂၀

မိုးမောက်မြို့နယ်၊ ကျောက်စခန်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ခရီးသွားပြည်သူများအား ကိုယ်အပူချိန် တိုင်းတာပေးပြီး Mask တပ်ဆင်ရန် အသိပညာပေး နှိုးဆော်လျှက်ရှိကြောင်း သိရသည်။

မိုးမောက်မြို့နယ် ကျောက်စခန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ မေ၂၀ ရက်နေ့ နံနက် ၈ နာရီမှ စတင်ကာ COVID-19 ရောဂါဖြစ်ပွားမှု ကြာမြှင့်လာသည့်နှင့် အမျှ နှာခေါင်းစည်း (Mask) တပ်ဆင်ရန် ပေါ့လျော့လာသည့် ခရီးသွားပြည်သူများအား Mask မတပ်ဘဲသွားလာ‌နေသူများကို အပြင်ထွက်လျှင် Mask တပ်ဆင်ရန် အသိပညာပေး နှိုးဆော်ခြင်း၊ ကျန်းမာရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း အမှတ် ၁၀၀ ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ဗန်းမော်)မှ သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့မ ရဲစခန်းမှူး ဒုရဲမှူးမျိုးသန်းနှင့် ဂိတ်တာဝန်ကျတပ်ဖွဲ့ဝင်များ၊ အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ် (ဗန်းမော်)မှ ရဲအုပ်ကမ်အောင်မြင့်၊ ရဲတပ်ကြပ်ကြီး အောင်အောင်နှင့် အမှတ်(၁၀၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ဗန်းမော်)မှ ရဲတပ်ကြပ်ကြီးစန်းဝင်း၊ မိုးမောက်မြို့မှ ပြည်သူ့ကျန်းမာရေးဝန်ထမ်များ၊ ကြက်ခြေနီများ ပါဝင်ကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။